သတင်းများ

Dr Myint Zan's talk on legitimacy of laws @ OMI (Video File)

Dr Myint Zan's talk on legitimacy of laws @ OMI (Video File)

နာဇီခေတ် ဥပဒေများ တရားဝင်မှု / တရားမဝင်မှုနှင့် စပ်လျဉ်း၍ ဥပဒေပညာရှင် H.L.A Hart နှင့် Lon Fuller တို့၏ ကွဲပြားသောအမြင်အယူအဆများ တစေ့တစောင်းဟောပြောပွဲ ဗွီဒီယိုမှတ်တမ်း

အသေးစိတ်လေ့လာရန်

H.L.A. Hart နှင့် Lon Fuller တို့၏ ကွဲပြားသော အမြင်အယူအဆများအကြောင်း တစေ့တစောင်း

H.L.A. Hart နှင့် Lon Fuller တို့၏ ကွဲပြားသော အမြင်အယူအဆများအကြောင်း တစေ့တစောင်း

ဥပဒေပညာရှင်တစ်ဦးဖြစ်သော ဒေါက်တာမြင့်ဇံက နာဇီခေတ်တွင် ပြဌာန်းခဲ့သော ဥပဒေများ တရားဝင်ဖြစ်ခြင်း/မဖြစ်ခြင်းနှင့် စပ်လျဉ်း၍ ဥပဒေပညာရှင်များ ဖြစ်ကြသော H.L.A Hart နှင့် Lon Fuller တို့၏ ကွဲပြားသော အမြင်အယူအဆများအကြောင်း တစေ့တစောင်းဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမှု တစ်ခုကို ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့၌ ပွင့်လင်းမြန်မာ့ရှေ့ဆောင်တွင် ပြုလုပ်ခဲ့ပါသည်။

အသေးစိတ်လေ့လာရန်

လွှတ်တော်အမတ်များနှင့် ပတ်သက်သော အချက်အလက်များ ထည့်သွင်းပြီးစီးခြင်း (အကြမ်းအဆင့်)

လွှတ်တော်အမတ်များနှင့် ပတ်သက်သော အချက်အလက်များ ထည့်သွင်းပြီးစီးခြင်း (အကြမ်းအဆင့်)

Open Myanmar Initiative အနေဖြင့် လွှတ်တော်အမတ်များနှင့် သက်ဆိုင်သော အချက်အလက်များကို ထည့်သွင်းလျှက်ရှိရာ ယခုအချိန်တွင် အကြမ်းအားဖြင့် ထည့်သွင်းပြီးစီးပြီ ဖြစ်သည်။ လွှတ်တော်အမတ်များနှင့် ပတ်သက်သော အချက်အလက်များ ထည့်သွင်းရာတွင် ပထမအကြိမ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခါစက အနေအထားကို ထည့်သွင်းထားခြင်း ဖြစ်သဖြင့် ပါတီဆိုင်ရာ အချက်အလက်များ မှားယွင်းမှုများ ရှိနေနိုင်ပါသည်။

အသေးစိတ်လေ့လာရန်

ပထမပုံမှန်အစည်းအဝေးမှ ဆဌမပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်အခင်းအကျင်း

ပထမပုံမှန်အစည်းအဝေးမှ ဆဌမပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်အခင်းအကျင်း

မြန်မာနိုင်ငံ၏ ဥပဒေပြုလွှတ်တော်ကို ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့ဖြင့် ဖွဲ့စည်းထားပြီး၊ ထိုလွှတ်တော် နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်ဟု ခေါ်တွင်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံး ကြောင်း တွေ့ရှိရသည်။ ပြည်သူ့လွှတ်တော်သည် မြို့နယ်တစ်ခု ချင်းစီကို အခြေခံ၍ ရွေးကောက်တင်မြှောက်ထားသည့် လွှတ် တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး၊ အမျိုးသားလွှတ် တော်ကမူ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုချင်းစီအတွက် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦးစီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အသေးစိတ်လေ့လာရန်

နွေရာသီ အခမဲ့ ကွန်ပြူတာနှင့် အင်္ဂလိပ်စာသင်တန်းများ ဖွင့်မည်

နွေရာသီ အခမဲ့ ကွန်ပြူတာနှင့် အင်္ဂလိပ်စာသင်တန်းများ ဖွင့်မည်

လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက်ရည်ရွယ်ရျ် နွေရာသီအခြေခံကွန်ပျူတာသင်တန်းကို 31-03-2-14 တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကွန်ပြူတာ အခြေခံအသုံးပြုပုံနှင့် တက်မြောက်ထားသင့်သည့် အခြေခံ applications များ အသုံးပြုပုံကို လက်တွေ့ သင်ကြားပြသပေးမည်ဖြစ်သည်။ ထို့အတူ အခြေခံအင်္ဂလိပ်စာသင်တန်းကိုလည်း 01-04-2014 တွင်ဖွင့်လှစ်မည်ဖြစ်ပြီး အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် စကားပြောတို့ကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။

အသေးစိတ်လေ့လာရန်