သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် Voter Education (TOT) သင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် Voter Education (TOT) သင်တန်း ဖွင့်လှစ်

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ရွှေဖောင်ဦး ပရိယတ္တိ စာသင်တိုက်တွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ စီစဉ်ပြုလုပ်သည့် Voter Education (TOT) Training မဲဆန္ဒရှင် အသိပညာပေးသင်တန်းကို ကျွန်းလှမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကသာမြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ကောလင်းမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ အင်းတော်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ဗန်းမောက်မြို့တို့မှ သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ် သင်ကြားခဲ့ပါသည်။

အသေးစိတ်လေ့လာရန်

Political Parties and Accountability in New Democracies

Political Parties and Accountability in New Democracies

နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးဖြစ်သော ပါမောက္ခ Zoltan Baramy က အထက်ပါ ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမှုတစ်ခုကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့၌ ပွင့်လင်းမြန်မာ့ရှေ့ဆောင်တွင် ပြုလုပ်ခဲ့ပါသည်။

အသေးစိတ်လေ့လာရန်

အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဝိုင်းဖွဲ့ဆွေးနွေးပွဲ

အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဝိုင်းဖွဲ့ဆွေးနွေးပွဲ

ပွင့်လင်းမြန်မာ့ရှေ့ဆောင် အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဥပဒေပေါ်ပေါက်ရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် ၂၈၊ ဖေဖော်ဝါရီ၊ ၂၀၁၅ ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ အခြေအနေများ ပိုမိုမြင့်တင်ရန်နှင့် အများပြည်သူ သိခွင့်သိလမ်းကို အာမခံချက်ပေးသည့် ဥပဒေတစ်ရပ်ရှိရန် လိုအပ်သည်ဟု ယုံကြည်သဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို ပထမဆုံး စတင်ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သိခွင့်သိလမ်းဆိုင်ရာ အခြေအနေများ၊ ထည့်သွင်းစဉ်းစားရန်အချက်များ၊ သိခွင့်သိလမ်းဆိုင်ရာ ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော်ရာတွင် ပါဝင်သင့်သူများကို ဆွေးနွေးခဲ့ကြသည်။ ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် အများပြည်သူ သိခွင့်သိလမ်းကို အာမခံချက်ပေးမည့် ဥပဒေများ ပေါ်ပေါက်ရေးနှင့် နိုင်ငံသားများ သတင်းအချက်အလက် လွတ်လပ်စွာ ရရှိနိုင်ရေးကို မြှင့်တင်ရန်အတွက် အလေးထား ဆောင်ရွက်နေသည့်အားလျော်စွာ ဥပဒေပြုရေးဖြစ်စဉ်တွင်လည်းကောင်း၊ လွတ်လပ်စွာ သတင်းအချက်အလက် ရရှိခွင့်ကို မြႇင့်တင်ရာတွင်လည်းကောင်း အရပ်ဘက်အဖွဲ့စည်းများ၊ သက်ဆိုင်ရာ နယ်ပယ်လိုက် အဖွဲ့အစည်းများနှင့် နိုင်ငံသားများ၏ တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်မှုကို ပုံဖော်ရန်အတွက် “အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဆွေးနွေးပွဲ” ကို ပထမဆုံးအကြိမ်အဖြစ် စီစဉ်ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်မြို့ Orchid Hotel တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သော ဆွေးနွေးပွဲသို့ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နယ်ပယ်အလိုက် အထူးပြုအဖွဲ့အစည်းများမှ (၄၃) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ မီဒီယာများနှင့် စိတ်ပါဝင်စားသူများ အပါအဝင် စုစုပေါင်း ၈၂ ဦးတက်ရောက်ခဲ့ကြသည်။ ပွင့်လင်းမြန်မာ့ရှေ့ဆောင် အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဆွေးနွေးမှုများတွင် မည်သည့်ပုဂ္ဂိုလ်များပါဝင်သင့်သည် မည်သည့်အချက်များ ပါဝင်သင့်သည်ဟူသည့်အချက်ကို ပွင့်လင်းစွာ ဝင်ရောက်ဆွေးနွေးကြပါရန် ဖိတ်ခေါ်ခဲ့သည်။

အသေးစိတ်လေ့လာရန်

သတင်းစဉ်

သတင်းစဉ်

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် “ဒေသန္တရအုပ်ချုပ်ရေးနှင့်ခေါင်းဆောင်မှုပညာဆိုင်ရာအသိပညာပေးဆရာဖြစ် သင်တန်း” ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၁၀) ရက်ကြာ စီစဉ်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား၊သင်တန်းသူ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့ကြပါသည်။

အသေးစိတ်လေ့လာရန်

သတင်းစဉ် ၂

သတင်းစဉ် ၂

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် “ဒေသန္တရအုပ်ချုပ်ရေးနှင့်ခေါင်းဆောင်မှုပညာဆိုင်ရာအသိပညာပေး ဆရာဖြစ်သင်တန်း” ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၁၀) ရက်ကြာ စီစဉ် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင် တန်းသား၊သင်တန်းသူ စုစုပေါင်း (၂၇) ဦး တက်ရောက်ခဲ့ကြပါသည်။

အသေးစိတ်လေ့လာရန်