သုတေသန စာစဉ် အမှတ်(၁) မိတ်ဆက်ပွဲ

သုတေသန စာစဉ် အမှတ်(၁) မိတ်ဆက်ပွဲ

ယနေ့ ၁၇ ဖေဖော်ဝါရီ ၂၀၁၇၊ မွန်းလွဲ ၂ နာရီက ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံး၌ လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီအစဉ်အဖြစ် လွှတ်တော်ရေးရာ သုတေသနစာစဉ်အမှတ်(၁) ထုတ်ဝေဖြန့်ချီခြင်းနှင့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေကြမ်းဆွေးနွေးမှုများ၊ ဥပဒေကြမ်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးများ၏ ဆောင်ရွက်နေမှုများအား သုတေသနပြုချက်များနှင့် ပြည်ထောင်စုအဆင့်လွှတ်တော်များ ပထမနှစ် သက်တမ်းအတွင်း "ဥပဒေပြုရေး ဖြစ်စဉ်များတွင် ပေါ်ပေါက်ခဲ့သော အပြောင်းအလဲများ"ကို ရှင်းလင်းတင်ပြခဲ့သည်။