သုတေသန စာစဉ် အမှတ်(၃) မိတ်ဆက်ပွဲ

သုတေသန စာစဉ် အမှတ်(၃) မိတ်ဆက်ပွဲ

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လွှတ်တော်ရေးရာ သုတေသန စာစဉ် အမှတ် (၃) ၊ ဥပဒေပြင်ဆင်ချက်များအရ ပြောင်းလဲလာခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အခန်းကဏ္ဍကို လေ့လာသုံးသပ်ထားသည့် အစီရင်ခံစာ မိတ်ဆက်ပွဲကို သြဂုတ်လ(၃)ရက် (ကြာသပတေးနေ့) မွန်းလွဲ(၂)နာရီက ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး စိတ်ပါဝင်စားသူ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားတွင် အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်မှ ပွင့်လင်းမြန်မာရှေ့ဆောင်၏ လုပ်ဆောင်နေမှုများနှင့် ရည်ရွယ်ချက်များကို မိတ်ဆက်ပြောကြားခဲ့ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်း (၂၀၁၁ မှ ၂၀၁၆အထိ) အတွင်း တတိယအကြိမ််အထိ ပြင်ဆင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေနှင့် ထိုပြင်ဆင်မှုများမှ တစ်ဆင့် ခုံရုံး၏ လုပ်ပိုင်ခွင့်၊ တာဝန် နှင့် အခန်းကဏ္ဍများ ပြောင်းလဲလာခြင်း အကြောင်းအရင်းများနှင့် သက်ရောက်မှုများကို သုတေသနဒါရိုက်တာ ကိုထင်ကျော်အေးမှ ရှင်းလင်း ပြောကြား ခဲ့ပါသည်။