လွှတ်တော်စောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၁) ဒေါင်းလုဒ်ရယူနိုင်ပြီ

လွှတ်တော်စောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၁) ဒေါင်းလုဒ်ရယူနိုင်ပြီ

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ဖေဖော်၀ါရီလတွင် ထုတ်ေ၀သည့် လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၁) ကို ဤနေရာ ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်ပါသည်။

ယခု ထုတ်ေ၀သည့် “မြန်မာ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ်လေ့လာချက် (ပထမအကြိမ်မှ ဆဌမအကြိမ်အထိ ပုံမှန်အစည်းအေ၀းများအတွင်း မေးခွန်းများလေ့လာချက်” အစီရင်ခံစာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တို့တွင် ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုများကို ပထမအကြိမ်မှ ဆဌမအကြိမ်အထိ လွှတ်တော် ပုံမှန်အစည်းအေ၀းများတွင် လေ့လာဖော်ပြထားသည်။

အရေအတွက်အခြေပြု လေ့လာထားသည့် ယခုအစီရင်ခံစာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုဆိုင်ရာ အချက်အလက်များကို အကြောင်းအရာအလိုက်၊ မေးခွန်းမေးမြန်းသည့် ရည်ရွယ်ချက်အလိုက်၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၏ တုံ့ပြန်မှုအလိုက်စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ လေ့လာတင်ပြထားပါသည်။

ယခုအစီရင်ခံစာကို ပြုစုရာတွင် လွှတ်တော်သုံးရပ်၏ အစည်းအေ၀းမှတ်တမ်းများ၊ အစိုးရပိုင်သတင်းစာများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများနှင့် မြန်မာ့ရက်စဉ်သမိုင်းတို့ကို ကိုးကားဖော်ပြထားပါသည်။

လွှတ်တော်အစည်းအေ၀းအတွင်း မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများကိုသာ လေ့လာထားခြင်းဖြစ်ပြီး၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက စာဖြင့်ဖြေကြားသော ကြယ်ပွင့်မပြမေးခွန်းများကို လေ့လာဖော်ပြနိုင်ခြင်း မရှိပေ။ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အနေဖြင့် လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာများကို စဉ်ဆက်မပြတ် ထုတ်ေ၀သွားမည်ဖြစ်သည်။ လွှတ်တော်တွင်း တင်သွင်းသည့် အဆိုများ၊ ဥပဒေကြမ်းများကိုလည်း ဆက်လက်လေ့လာပြီး အစီရင်ခံစာများကို မကြာမီ ဆက်လက်ထုတ်ေ၀သွားမည် ဖြစ်ပါသည်။