လွှတ်တော်လေ့လာစောင့်ကြည့်ရေး - ကြယ်ပွင့်ပြမေးခွန်းများအားလေ့လာခြင်း

လွှတ်တော်လေ့လာစောင့်ကြည့်ရေး - ကြယ်ပွင့်ပြမေးခွန်းများအားလေ့လာခြင်း

လွှတ်တော်ကို စောင့်ကြည့်ဖို့ ဘာလို့လိုအပ်တာလဲ

လွှတ်တော်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီခြင်းမရှိကြသော်လည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် ပြည်သူများက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲများဖြင့် မဲဆန္ဒပေး ရွေး ကောက်တင်မြှောက်ကြပြီး နိုင်ငံ၏ ဥပဒေပြုရေးမဏ္ဍိုင်တွင် သက်ဆိုင်ရာ ပြည်သူများကို ကိုယ်စားပြုရန်၊ တရားဥပဒေပြုရန်၊ အစိုးရကို စိစစ်ထိန်းကျောင်းရန်၊ အစိုးရ၏ တရား၀င်မှုကို ဖော် ဆောင်ရန်နှင့် နိုင်ငံရေးလေ့ကျင့်ပျိုးထောင်မှုပေးရန် ဟူသည့် လုပ်ငန်းဆောင်တာများတွင် တူညီလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဗြိတိသျှကိုလိုနီနိုင်ငံအဖြစ်မှ ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲများကြောင့် လွှတ်တော်၏ အခန်းကဏ္ဍ မှေးမှိန် ပျောက်ကွယ်သွားခဲ့ရသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်၀င်စေခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပ နိုင်ခဲ့ပြီး နောက်မှသာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့ ပါ၀င်ဖွဲ့စည်းသော ပြည်ထောင်စုလွှတ်တော်၊ ပြည် နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို ပြန်လည်ခေါ်ယူနိုင် ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့ပြီး လိုအပ်လျက်ရှိသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို ထပ်မံဖြည့်တင်းခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်းတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးများကို န၀မအကြိမ်မြောက်အဖြစ် စတင်ကျင်းပခဲ့ရာ လွှတ်တော်နှင့် ပတ် သက်သည့် အချက်အလက်များစွာ ပေါ်ထွက်လာခဲ့ပြီး ယင်းမှ တစ်စိတ်တစ်ပိုင်းကို နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရုပ်မြင်သံကြား နှင့် သတင်းစာ၊ စာနယ်ဇင်း ထုတ်ဝေမှုများတွင်လည်းကောင်း၊ ပုဂ္ဂလိကပိုင် မီဒီယာများတွင်လည်းကောင်း ဖော်ပြခဲ့ကြသည်။ ထို့ပြင် လွှတ်တော်စောင့်ကြည့်လေ့လာရေး လုပ်ငန်းကို ဆောင် ရွက်နိုင်ရန် ကြိုးပမ်းလာကြသည့် အရပ်ဘက်အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်ကိုလည်း တွေ့ရသည်။

လွှတ်တော်စောင့်ကြည့်လေ့လာရေးသည် အားကောင်း သော၊ ပွင့်လင်းမြင်သာရှိသော၊ တာ၀န်ယူမှုရှိသော လွှတ်တော် များ ဖြစ်ပေါ်လာစေရန်ဖြစ်ပြီး၊ နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြုရေး မဏ္ဍိုင်၌ နိုင်ငံသားများ၏ ပါ၀င်ဆောင်ရွက်နိုင်မှုကို မြှင့်တင်နိုင် ရန်လည်း ဖြစ်သည်။

ဘယ်လိုစောင့်ကြည့်ကြမလဲ

ယခုလေ့လာချက်အတွက် ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ သုတေသနအဖွဲ့သည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ငါးဆယ်ကျော် အတွင်း နိုင်ငံရေး ဇာတ်ခုံပေါ် ပထမဆုံး ပြန်လည်ထွက်ပေါ်လာခဲ့ သော ဥပဒေပြုလွှတ်တော်၏ အစည်းအဝေးတစ်ခုချင်းစီ၏ အစည်းအဝေးမှတ်တမ်းများအရ သိရှိရသော လွှတ်တော်၏ လုပ်ငန်းဆောင်တာများနှင့် ယင်းတို့မှ ထုတ်ယူထားသည့် အချက်အလက်များကို စုဆောင်း၍ လွှတ်တော်တစ်ရပ်၏ အခန်းကဏ္ဍနှင့် ယင်း၏ အားကောင်းမှုများ၊ အားနည်းချက်များ၊ အကျိုးသက်ရောက်မှုများ စသည်တို့ကို သိရှိရန် ရည်ရွယ် ပါသည်။

လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်လေ့လာရာ တွင် လွှတ်တော်တစ်ရပ်၏ အင်္ဂါရပ်များဖြစ်သည့် ကိုယ်စားပြု ခြင်း၊ ဥပဒေပြုခြင်း၊ အစိုးရအား ထိန်းကျောင်းစိစစ်ခြင်း၊ အစိုးရ အား တရား၀င် ဖြစ်စေခြင်းနှင့် နိုင်ငံရေးအရ လေ့ကျင့်ပျိုးထောင်မှု ပေးခြင်း တို့အနက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ ကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အစိုးရအား ထိန်းကျောင်းစိစစ် ခြင်းစွမ်းဆောင်ရည်များကို ရရှိနိုင်သော အချက်အလက်များပေါ် တွင် အကဲဖြတ်သွားရန် ဖြစ်ပါသည်။ ထိုသို့ အချက်အလက်များ ကောက်ယူရာမှ လွှတ်တော်၏ လုပ်ငန်းဆောင်တာများဖြစ်သော ဥပဒေပြုမှု၊ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုတို့ကို ထိ ရောက်စွာ ဆောင်ရွက်နိုင်ခြင်း ရှိမရှိ တိုင်းတာနိုင်မည့် အကျိုးရလဒ်များ ထွက်ပေါ်လာမည် ဖြစ်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင် လွှတ်တော် စောင့်ကြည့်လေ့လာ ရေး အစီအစဉ်အနေဖြင့် သုတေသနပြုလုပ်ရာမှ လေ့လာတွေ့ရှိ ချက်များကို အစီရင်ခံစာများ၊ သုတေသနစာတမ်းများ ပုံမှန် ထုတ်ပြန်ပြီး၊ အင်တာနက်တွင် omimyanmar.org စာမျက်နှာ၌ မဲဆန္ဒရှင်များ၊ ပညာရှင်များ၊ လေ့လာသူများ၊ လွှတ်တော် ကိုယ် စားလှယ်များ သိရှိနိုင်ရန် အချက်အလက်ဘဏ်တစ်ခု အဖြစ် စုစည်းတင်ပြကာ ယေဘုယျရှာဖွေမှုနှင့် အသေးစိတ်ရှာဖွေမှု များအထိ ပြုလုပ်နိုင်ရန်ပါ ပြင်ဆင်ဆောင်ရွက်လျက် ရှိပါသည်။ လွှတ်တော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၏ ပမာဏ ကြီးမားလာသည်နှင့်အမျှ လွယ်ကူစွာ ရှာဖွေမှီးငြမ်းနိုင် ရန်အတွက် ကိန်းဂဏန်းများနှင့် ရည်ညွှန်းကိန်းများကို ထုတ်ပြန် နိုင်ရန် လိုအပ်လာပါသည်။

လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာအမှတ် (၁)

ယခုမှတ်တမ်းတွင် အသုံးပြုထားသော အချက်အလက် အများစုမှာ လွှတ်တော် အစည်းအဝေး မှတ်တမ်းများနှင့် အစိုးရပိုင်သတင်းစာများမှ ကောက်ယူထားခြင်းဖြစ်ပြီး၊ တရား ၀င် ထုတ်ပြန်ထားသော အချက်အလက်များပေါ်တွင် အခြေခံထား ပါသည်။ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်တို့ကို အကဲဖြတ်ရာတွင် လွှတ်တော် အစည်း အဝေးများအတွင်း မေးမြန်းသည့် မေးခွန်းအရေအတွက်၊ အဆို တင်သွင်းသည့် အကြိမ်ရေနှင့် ဥပဒေကြမ်းများတွင် ၀င်ရောက် ဆွေးနွေးမှု အကြိမ် အရေအတွက် စသည်တို့သက်သက်ချည်း ဖြင့်သာ မဆုံးဖြတ်နိုင်သော်လည်း၊ ယခုလေ့လာချက်မှ ထွက်ရှိ လာသော အခြေခံကိန်းဂဏန်း အချက်အလက်များသည် လွှတ်တော်ကိုယ်စားလှယ်များ၊ နှီးနွယ်ပတ်သက်သူများ၊ စာနယ်ဇင်းသမားများ၊ သုတေသနပြုလုပ်သူများနှင့် မဲဆန္ဒရှင် ပြည် သူများအတွက် အသုံး၀င်မည်ဟု ယုံကြည်ပါသည်။ ယင်းတို့ အနေဖြင့်လည်း လွှတ်တော်၏ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေပုံကို ပိုမိုရှင်း လင်းလွယ်ကူစွာ နားလည်လာကြမည်ဖြစ် သည်။

လွှတ်တော်၏ လုပ်ငန်းများကို လေ့လာရာတွင် ဥပဒေပြု လွှတ်တော်များ၏ အဓိကလုပ်ငန်းများဖြစ်သော ဥပဒေပြုမှု၊ အစိုးရအား စောင့်ကြပ်ထိန်းကြောင်းမှုနှင့် မဲဆန္ဒရှင်ပြည်သူများ အား ကိုယ်စားပြုနိုင်မှုတို့ကို အဓိကထား နှိုင်းယှဉ်လေ့လာ ထားပါသည်။

လွှတ်တော်တွင်း လုပ်ငန်းဆောင်ရွက်ချက်များကို အကြောင်း အရာ(ကဏ္ဍ) အလိုက် အမျိုးအစား ခွဲခြားရာတွင်လည်း လာ ရောက်ပြန်လည်ဖြေကြားရှင်းလင်းသော ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများကို အခြေခံပြီး အမျိုးအစားခွဲခြင်း မဟုတ်ဘဲ သက်ဆိုင်သည့် ကဏ္ဍအလိုက်သာ ခွဲခြားထားသဖြင့် ကဏ္ဍ အလိုက် လွှတ်တော်၏ ဆောင်ရွက်ချက်များကို မြင်တွေ့ရမည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ကို လေ့လာရာတွင်လည်း အချက်အလက်များ၏ ခိုင်မာအားကောင်းမှုအတွက် လွှတ်တော်များ၏ ပုံမှန်အစည်း အဝေး မှတ်တမ်းများကို ပင်မအရင်းအမြစ်အဖြစ် ရွေးချယ်အသုံး ပြု၍ အချက်အလက် ကောက်ယူမှုများ ပြုလုပ်ပါသည်။

လွှတ်တော်တွင်း ဆောင်ရွက်သည့်လုပ်ငန်းများအနက် နိစ္စ ဓူ၀ လုပ်ငန်းများမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းနှင့် ဥပဒေ ကြမ်းရေးဆွဲတင်သွင်း၊ ပြင်ဆင် ဖျက်သိမ်းခြင်းတို့ဖြစ်သည်။ ယခု အစီရင်ခံစာတွင်မူ ယင်းလွှတ်တော်လုပ်ငန်းဆောင်တာ များမှ မေးခွန်းမေးမြန်းခြင်းနှင့်ပတ်သက်သည့် အချက်အလက် များကို ပိုင်းခြားလေ့လာခြင်းဖြစ်သည်။

လွှတ်တော်များသည် အုပ်ချုပ်ရေးကဏ္ဍ၏ လုပ်ငန်းများ ပွင့်လင်းမြင်သာမှုနှင့် ထင်သာမြင်သာရှိစေရန်၊ အုပ်ချုပ်ရေး ကဏ္ဍ၏ တာဝန်ခံမှုကို မြှင့်တင်နိုင်ရန်၊ အစိုးရ၏ ဘဏ္ဍာရေး အရ တာဝန်ခံမှု မြင့်မားလာစေရန်၊ တရားဥပဒေစိုးမိုးစေရန် စသည့် ရည်ရွယ်ချက်များဖြင့် အစိုးရကို စိစစ်ထိန်းကျောင်း သည့် လုပ်ငန်းဆောင်တာများကို မေးခွန်းမေးမြန်းခြင်းအားဖြင့် အဓိက ဆောင်ရွက်သည်။ ထိုသို့ မေးခွန်းမေးမြန်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာ အစိုးရဌာနများ သို့ စာဖြင့် ရေးသားမေးမြန်းခြင်း ပြုနိုင်သလို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ လွှတ်တော် လာရောက် ဖြေဆိုနိုင်စေရန် ကြယ်ပွင့်ပြ မေးခွန်းများကိုလည်း လွှတ်တော် အစည်းအဝေးများအတွင်း မေးမြန်းနိုင်သည်။ ထိုသို့ ကြယ်ပွင့် ပြမေးခွန်း မေးမြန်းခြင်းနှင့် ပတ်သက်သည့် ဆောင်ရွက်ပုံ အ ဆင့်ဆင့်ကို အောက်တွင် ဖော်ပြထားပါသည်။

questinfo


လွှတ်တော်တွင်း မေးခွန်းမေးမြန်းပုံအဆင့်ဆင့်။

ကြယ်ပွင့်ပြမေးခွန်းများကို အမျိုးအစား ခွဲခြားရာတွင် အဓိကအားဖြင့် မေးခွန်းနှစ်မျိုးကို တွေ့ရသည်။ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို သိလိုသဖြင့် မေးသောမေးခွန်း၊ အစိုးရက လုပ်ဆောင်ပေးနိုင်ပါမည်လောဟု မေးသောမေးခွန်း ဟူ၍ ဖြစ်သည်။ မေးခွန်းများအား ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများက ပြန်လည်ဖြေကြားသည့် ရလဒ်ကို အဆင့်လေးဆင့်ပိုင်းခြားလေ့လာထားသည်။ အပြုသဘောဆောင်သည့် တုံ့ပြန်မှု၊ ငြင်းဆန်သည့် တုံ့ပြန်မှု၊ မရှင်းလင်းသည့် တုံ့ပြန်မှုနှင့် ရောပြွမ်းတုံ့ပြန်မှုတို့ ဖြစ်သည်။ ယခု လေ့လာထားသော မေးခွန်း များအားလုံးမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက လွှတ် တော်တွင် လာရောက်ဖြေဆိုသော ကြယ်ပွင့်ပြမေးခွန်းများ ဖြစ်ပါသည်။ ကြယ်ပွင့်မပြ မေးခွန်းများကို ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများက မေးမြန်းသူ လွှတ်တော် ကိုယ်စားလှယ်များ ထံ စာဖြင့် တိုက်ရိုက်ရေးသားဖြေကြားသည့် ကြယ်ပွင့်မပြ မေးခွန်းများလည်း ရှိသေးသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင် လွှတ်တော်စောင့်ကြည့်လေ့လာ ရေး အစီအစဉ်သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်/အမျိုးသားလွှတ်တော်/ပြည်သူ့လွှတ်တော် တို့၏ ပထမပုံမှန် အစည်းအဝေးများမှစ၍ ဆဌမပုံမှန် အစည်းအဝေးများအထိ ပြုလုပ်သော ဥပဒေကြမ်းများ၊ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းမှု များနှင့် အဆိုတင်သွင်းမှုများကို အချက်အလက်ကောက်ယူ၍ SPSS (Statical Package for Social Science) ဆော့ဖ်ဝဲ ဖြင့် အချက်အလက် သွင်းခဲ့ပြီး ဖြစ်ပါသည်။ ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး မှတ်တမ်းများ ထုတ်ဝေမှု နောက်ကျခဲ့သဖြင့် သုတေသနရလာဒ်များကို ထုတ်ပြန်နိုင်ရန် နောက်ကျနေခဲ့ရပါသည်။

ဘယ်လိုလေ့လာခဲ့သလဲ၊ ဘယ်လောက်အတိုင်းအတာအထိ လေ့လာခဲ့သလဲ

လွှတ်တော်ကိုယ်စားလှယ်များ၏ နောက်ခံကို သိရှိနိုင်ရန် အတွက် ယခင်အလုပ်အကိုင်များကို ကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ အလုပ်အကိုင် သမိုင်းကြောင်း တစ်လျောက် လွှမ်းမိုးမှုအရှိဆုံး အလုပ်အကိုင်ကိုသာ ထည့်သွင်း ရယူခဲ့ပါသည်။

(၁) တုန့်ပြန်မှုများကို အမျိုးအစားခွဲခြားခြင်း

လွှတ်တော်ကိုယ်စားလှယ်များ၏ ကြယ်ပွင့်ပြမေးခွန်းများကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ တုန့်ပြန်မှုများကို အမျိုး အစားခွဲခြားခြင်းကို အောက်ဖော်ပြပါအတိုင်း ပြုလုပ်ထားပါသည်။

လွှတ်တော်အတွင်းမေးမြန်းသည့် မေးခွန်းများကို ယေဘုယျ အားဖြင့် သုံးမျိုးခွဲခြားနိုင်ကြောင်း တွေ့ရသည်။ (က) လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုသည့်အခါ မေးခွန်းများ မေးမြန်းလေ့ရှိသလို၊ (ခ) ယင်းတို့၏ မဲဆန္ဒနယ်များ နှင့် ပတ်သက်သည့်ကိစ္စများကို ပြည်ထောင်စု အဖွဲ့အစည်း များက ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိလည်း မေးမြန်းလေ့ရှိသည်။ (ဂ) ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီး၏ ရပ်တည် ချက်များနှင့် မူဝါဒများကို အတည်ပြုချက်ရယူ မေးမြန်းသည့် မေးခွန်းများလည်း ရှိသည်။ ထို့အတွက် အဖြေ (၀ါ) တုံ့ပြန်မှု များကို အမျိုးအစား ခွဲခြားရာတွင် အောက်ပါ ရည်ညွှန်း အဓိပ္ပါယ်များအတိုင်း ဝေါဟာရရွေးချယ်ထားသည်ကို တွေ့ရ မည် ဖြစ်ပါသည်။

(က) အပြုသဘောဆောင်သည့် တုံ့ပြန်ချက်

လွှတ်တော်သို့ လာရောက်ဖြေကြားသော ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ် သို့မဟုတ် ထိုပုဂ္ဂိုလ်၏ တာ၀န်လွှဲအပ်ခြင်းခံရ သူသည် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ရှင်း လင်းစွာ ဖြေကြားပြီး ထိုအဖြေသည် တိကျသော ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်ပေးပါမည်ဟူသည့် တိကျသော ကတိ က၀တ်ဖြစ်ပါက အပြုသဘောဆောင်သည့်တုံ့ပြန်ချက်ဟု သတ်မှတ် ပါသည်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ရပ်တည်ချက်၊ မူဝါဒများကို မေးမြန်းသည့် မေးခွန်းများတွင်မူ တိကျရှင်းလင်းသည့် မူဝါဒချပြနိုင်မှုပေါ် မူတည်၍ အပြု သဘောဆောင်သည့် တုံ့ပြန်မှုဟု ယူဆခြင်းဖြစ်ပါသည်။

(ခ) ငြင်းဆိုသည့် တုံ့ပြန်ချက်

ငြင်းဆိုသည်ဟု သတ်မှတ်ရသည့် တုံ့ပြန်ချက်များမှာ လွှတ်တော်ကိုယ်စားလှယ်များ အဆိုပြုသော ကိစ္စရပ်များကို တိကျသည့် ဘဏ္ဍာနှစ်တစ်ခုအတွင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဟု ဖြေကြားသော အဖြေများနှင့် တိကျသော မူဝါဒကို ခ်မျပနိုင်သည့် တုံ့ပြန်ချက်များကို သတ်မှတ်ခြင်းဖြစ်သည်။ အကယ်၍ မေးခွန်းဖြေဆိုသည့် ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းမှ တာ၀န်ရှိပုဂ္ဂိုလ်က မေးခွန်းပါ အကြောင်းအရာနှင့် ပတ်သက်၍ တည်ဆဲဥပဒေများ၊ နည်းဥပေဒများနှင့် မကိုက်ညီ သောကြောင့်သော်လည်းကောင်း၊ အစိုးရ ဘဏ္ဍာရေး အခြေ အနေကြောင့် သော်လည်းကောင်း ဆောင်ရွက်ပေးနိုင် ခြင်း မရှိဟု တုန့်ပြန်မှု များကိုလည်း ငြင်းဆိုသည့် တုံ့ပြန်ချက် များအဖြစ်သာ သတ်မှတ်သည်။

(ဂ) မရှင်းလင်းသည့် တုံ့ပြန်ချက်

မေးခွန်းကို တိတိကျကျ မဖြေကြားထားသော အဖြေများ၊ တိကျသော မူဝါဒ၊ ရပ်တည်ချက်ကို ထုတ်ဖော် ပြောကြားနိုင်မှု မရှိသော တုံ့ပြန်ချက်များကို မရှင်းလင်းသည့် တုံ့ပြန်ချက်များ အဖြစ် သတ်မှတ်ပါသည်။ မေးခွန်းဖြေဆိုသည့် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းမှ တာ၀န်ရှိပုဂ္ဂိုလ်က မေးခွန်းပါ အကြောင်း အရာနှင့် ပတ်သက်၍ ဆောင်ရွက်ပေးရန် တိကျသော ဘဏ္ဍာရေး နှစ်သတ်မှတ် ဖော်ပြခြင်းမရှိသော တုန့်ပြန်မှုများကိုလည်း ရှုပ်ထွေးသည့် တုံ့ပြန်ချက်များအဖြစ်သာ သတ်မှတ်သည်။

(ဃ) ရောပြွမ်းတုံ့ပြန်ချက်များ

လွှတ်တော်အမတ်များသည် တစ်ခုထက်ပိုသော မေးခွန်းများ ကို တစ်ဆက်တည်း မေးမြန်းခြင်းကြောင့် ဖြစ်စေ၊ လာရောက် ဖြေကြားသော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်သည် မေးခွန်းကို ဆစ်ပိုင်းဖြေကြားခြင်းကြောင့် ဖြစ်စေ ရောပြွမ်းတုံ့ပြန်ချက်များ ထွက်ပေါ်လာလေ့ ရှိပါသည်။ ဥပမာအားဖြင့် မေးခွန်း၏ အစိတ် အပိုင်းတစ်ရပ်ကို အပြုသဘော ဖြေကြားပြီး၊ အခြားအစိတ် အပိုင်းတစ်ရပ်ကိုမူ အခြားတုန့်ပြန်မှုအမျိုးအစား တစ်ခုဖြင့် ဖြေကြားပါက ရောပြွမ်းတုံ့ပြန်ချက်များအဖြစ် သတ်မှတ်သည်။ မေးခွန်းပါ အကြောင်းအရာ၊ သို့မဟုတ် မေးခွန်း၏ တစ်စိတ် တစ်ပိုင်းနှင့် ပတ်သက်၍ တိုက်ရိုက်သက်ဆိုင်သော ပြည်ထောင်စု အဆင့် အဖွဲ့အစည်းမှ တာ၀န်ရှိသူက လာရောက်ဖြေဆိုခြင်း မရှိဘဲ အခြားပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုခုမှ တာ၀န် ရှိသူတစ်ဦးဦးက ဖြေဆိုသည့်အခါ ရှင်းလင်းစွာ ဖြေကြားနိုင်ခြင်း မရှိ (သို့မဟုတ်) လုံး၀ ဖြေကြားခြင်း မရှိသည့် တုံ့ပြန်မှုများကို လည်း ရောပြွမ်းတုန့်ပြန်ချက်အဖြစ် ကောက်ယူပါသည်။

(င) ဆောင်ရွက်ဆဲဟု တုံ့ပြန်ချက်

ကိစ္စတစ်ရပ်သည် မေးခွန်းမေးမြန်းသည့် ကာလတွင်၊ သို့ မဟုတ် ထိုဘဏ္ဍာနှစ်တွင် ဆောင်ရွက်အကောင်အထည်ဖော် နေပြီဖြစ်သော အကြောင်းအရာဖြစ်သည်ဟုလည်းကောင်း၊ အကယ်၍ လွှတ်တော်ကိုယ်စားလှယ်က “သိလိုသဖြင့်” မေးမြန်း သည့် ဆီလျော်သည့် ဆောင်ရွက်မှု အဆင့်ဆင့်ဖြင့် ပြုလုပ် ပေးပါမည်ဟူ၍လည်းကောင်း ဖြေကြားပါက ထိုတုံ့ပြန်ချက် များကို ဆောင်ရွက်ဆဲဟု သတ်မှတ်ပါသည်။

(၂) အကြောင်းအရာ/ကဏ္ဍများကို အမျိုးအစားခွဲခြားခြင်း

မေးခွန်းများကို တုံ့ပြန်ပုံအလိုက် အမျိုးအစားခွဲ အချက် အလက်ကောက်ယူသည့်အပြင် လွှတ်တော်တွင်း မေးမြန်းသည့် အကြောင်းအရာများကို လာရောက်ဖြေကြားသည့် ၀န်ကြီးဌာနများ၊ အစိုးရ အဖွဲ့အစည်းများအပေါ် တိုက်ရိုက်အခြေမခံဘဲ မေးခွန်း၏ အကြောင်းအရာ ကဏ္ဍအလိုက် အခြေခံပြီး ထပ်မံ အမျိုးအစား ခွဲခြားထားပါသည်။ ဥပမာအားဖြင့် စိုက်ပျိုးရေး သိပ္ပံကျောင်းများ ဖွင့်လှစ်ပေးရန် မေးမြန်းသော မေးခွန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း၀န်ကြီး ဌာနမှ လာရောက် ဖြေကြားရသော်လည်း ပညာရေးဟုသာ သတ်မှတ်ပါသည်။ ယေဘုယျ အမျိုးအစားခွဲခြားပုံကို အောက်ပါအတိုင်း ပြုလုပ် ပါသည်။

(က) အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး

လမ်း၊ တံတား၊ ဆည်မြောင်း အပါအ၀င် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း ပြုပြင်ခြင်းတို့ဖြစ်သည်။ သို့သော် ဆေးရုံဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းကို ကျန်းမာရေးဟု သတ်မှတ်ပြီး၊ စာသင်ကျောင်းများ ဆောက်လုပ်၊ တိုးချဲ့ခြင်းတို့ကိုမူ ပညာရေးဟု သတ်မှတ်ပါသည်။

(ခ) စိုက်ပျိုးရေး

စိုက်ပျိုးစရိတ် ထုတ်ချေးခြင်းမှသည် သီးနှံများ စျေးကောင်းရ ရေး၊ လယ်သမားများ၏ အခွင့်အရေးစသည်တို့ကို စိုက်ပျိုးရေး ဟူသော ခေါင်းစဉ်အောက်တွင် ထည့်သွင်းသတ်မှတ်ထားပါသည်။

(ဂ) ကျန်းမာရေး

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ ၀န်ထမ်းများ ခန့်ထားရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ကျန်းမာ ရေးဆိုင်ရာ အဆောက်အအုံနှင့် စပ်လျဉ်းသည်တို့ကို ကျန်းမာ ရေးဟု ထည့်သွင်းသတ်မှတ်ပါသည်။

(ဃ) ပညာရေး

ပညာရေးနှင့် ပတ်သက်သည့် အဆောက်အအုံများ တိုးချဲ့ တည်ဆောက်မှု၊ ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲမှု၊ ပညာရေး ၀န်ထမ်းများ ခန့်ထားမှုတို့ကို ပညာရေးဟု သတ်မှတ်ပါသည်။

(င) ယဉ်ကျေးမှုနှင့် အနုပညာ

ယဉ်ကျေးမှုအမွေအနှစ်များ၊ စာပေ၊ ပန်းချီ၊ ဂီတ၊ ရုပ်ရှင်စသည့် ကိစ္စရပ်များကို ယဉ်ကျေးမှုနှင့် အနုပညာဟု သတ်မှတ်ပါသည်။

(စ) ပတ်၀န်းကျင်ထိန်းသိမ်းရေး

မြစ်ချောင်းအင်းအိုင်၊ သစ်တော၊ ဇီ၀မျိုးကွဲများနှင့် အခြား သော သဘာ၀သယံဇာတများအား ထိန်းသိမ်းခြင်းကို ပတ်၀န်း ကျင်ထိန်းသိမ်းရေးဟု သတ်မှတ်ပါသည်။

(ဆ) နိုင်ငံရေး

အုပ်ချုပ်ရေး စနစ်သစ်၊ စနစ်ဟောင်းတို့ကြောင့် ဖြစ်ပေါ် လာသော ကိစ္စရပ်များ၊ ပါတီများ၊ ရွေးကောက်ပွဲများနှင့် နှီးနွယ် နေသည့် ကိစ္စရပ်များကို နိုင်ငံရေးဟုသတ်မှတ်ပါသည်။

(ဇ) မြေယာနှင့် အိုးအိမ်

အိုးအိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှု၊ ရောင်းချပေါင်နှံမှု၊ ငှားရမ်း မှုအပါအ၀င် မြေယာနှင့် အိုးအိမ်များကို တစ်နည်းနည်းဖြင့် စီမံ ခန့်ခွဲကိုင်တွယ်သုံးစွဲမှုတို့ကို မြေယာနှင့် အိုးအိမ်ဟု သတ်မှတ် ပါသည်။

(စျ) အလုပ်သမားအရေး

အလုပ်သမားများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများ၊ အလုပ်ရှင် အလုပ်သမားအကြား ပဋိပက္ခများ စသည်တို့ကို အလုပ်သမား အရေးအဖြစ် သတ်မှတ်ပါသည်။

(ည) စွမ်းအင်

စွမ်းအင်ပုံစံတစ်မျိုးမျိုးအား ထုတ်ယူသုံးစွဲမှု၊ ရောင်းချမှု၊ စီမံ ခန့်ခွဲမှု၊ ဖြန့်ဝေမှုတို့ကို စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များအဖြစ် သတ် မှတ္ပါသည္။

(ဋ) အုပ်ချုပ်ရေး

အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားနှင့် တိုက်ရိုက်ပတ်သက်နေ သည့် ကိစ္စရပ်များ၊ အုပ်ချုပ်ရေးယန္တရား၏ တိုက်ရိုက်စီမံခန့်ခွဲမှု အောက်တွင်ရှိသော ကိစ္စရပ်များကို အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ် များအဖြစ် သတ်မှတ်ပါသည်။

(ဌ) သယ်ယူပို့ဆောင်ရေး

ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ ၀န်ဆောင်မှုများကို သယ်ယူပို့ဆောင်ရေးဟု သတ်မှတ်ပါသည်။

(ဍ) စက်မှုလုပ်ငန်း

ကုန်ထုတ်လုပ်ငန်းနှင့် စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ စီမံခြင်း၊ ပြုပြင်ပြောင်းလဲခြင်း စသည်တို့ကို စက်မှုလုပ်ငန်းဟု သတ်မှတ်ပါသည်။

(ဎ) ၀န်ဆောင်မှုလုပ်ငန်း

သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းတို့မှအပ (ယင်းတို့ သည်လည်း ၀န်ဆောင်မှု လုပ်ငန်းများ ဖြစ်သော်လည်း ပိုမို အသေးစိတ် သုံးသပ်နိုင်စေရန် ခွဲခြမ်းခဲ့ခြင်း ဖြစ်သည်) အခြား သော အစိုးရနှင့် ပုဂ္ဂလိက ၀န်ဆောင်မှုလုပ်ငန်းများကို ၀န်ဆောင် မှု လုပ်ငန်းခေါင်းစဉ်အောက်တွင် ထည့်သွင်းထားသည်။

(ဏ) ခရီးသွားလုပ်ငန်း

ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှု များ၊ စီမံခန့်ခွဲမှုများ၊ မူဝါဒများကို ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအဖြစ် ခွဲခြမ်းသတ်မှတ်ပါသည်။

(တ) ဖွံ့ဖြိုးတိုးတက်ရေး

ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီ၊ အထောက်အပံ့များ၊ ဒေသအလိုက်နှင့် နိုင်ငံအဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီ အစဉ်များကို ဖွံ့ဖြိုးတိုးတက်ရေးဟု သတ်မှတ်ပါသည်။

(ထ) တိုင်းရင်းသားအရေး

ဗမာတိုင်းရင်းသားအပါအ၀င် တစ်ခု သို့မဟုတ် တစ်ခုထက် ပိုသော တိုင်းရင်းသားများ၏ အရေးကိစ္စများကို တိုင်းရင်းသား အရေးဟု သတ်မှတ်ပါသည်။

(ဒ) တရားစီရင်ရေး

တရားရုံးများ၏ လုပ်ငန်း လည်ပတ်ဆောင်ရွက်မှုများမှသည် တရားစီရင်ရေးစနစ်တစ်ခုလုံးနှင့် ပတ်သက်သည့် ကိစ္စများကို တရားစီရင်ရေးဟု သတ်မှတ်ပါသည်။

(ဓ) ဘာသာရေး

နိုင်ငံသားတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် သက်ဆိုင်သောကိစ္စ ရပ်များအားလုံးကို ဘာသာရေးဟု သတ်မှတ်ပါသည်။

(န) အားကစား

အားကစားနည်းများအား လူထုအကြားပျံ့နှံ့စေရေး၊ အား ကစားကွင်းများအား စီမံခန့်ခွဲရေးတို့ကို အားကစားဟု ဖော်ပြ ပါသည်။

(ပ) စီးပွားရေး

ကူးသန်းရောင်း၀ယ်ရေး၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ အကျိုးအမြတ်အလို့ငှာ ဆောင်ရွက်သော လုပ်ငန်းများနှင့် ပတ် သက်သည့် ကိစ္စများကို စီးပွားရေးဟု သတ်မှတ်ပါသည်။

(ဖ) လူမှုရေး အထောက်အပံ့

နိုင်ငံသားတိုင်း ဆူကြုံနိမ့်မြင့်မရွေး လူမှုဘ၀ တိုးတက်မြင့် မားစေရေး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်ရပ်တည်နိုင်ရေး စသည်တို့နှင့် တိုက်ရိုက်သက်ဆိုင်နေသည့် အထောက်အပံ့များ ကို လူမှုရေးအထောက်အပံ့ဟု သတ်မှတ်ပါသည်။

(ဗ) အခွန်ကောက်ခံရေး

အခွန်ကောက်ခံရေး၊ လျှော့ပေါ့ပေးရေးအပါအ၀င် အခြား အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုအားလုံးကို အခွန်ကောက်ခံရေးအဖြစ် သတ်မှတ်ပါသည်။

(ဘ) ငြိမ်းချမ်းရေး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်း ရေးဆွေးနွေးမှုဆိုင်ရာ ကိစ္စရပ်များကို ငြိမ်းချမ်းရေးဟု သတ်မှတ် ပါသည်။

(မ) နိုင်ငံသားများ၏ အခွင့်အရေး

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့် စသည့် နိုင်ငံ သား များ၏ မွေးရာပါ အခွင့်အရေးများနှင့် သက်ဆိုင်သည့်ကိစ္စ များကို နိုင်ငံသားများ၏ အခွင့်အရေးဟု သတ်မှတ်ပါသည်။

(ယ) ဥပဒေပြုရေး

ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ပြုပြင်ခြင်း၊ ဖျက်သိမ်း ခြင်းစသည့် ဥပဒေနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဥပဒေပြု ရေးဟု သတ်မှတ်ပါသည်။

(၃) ရည်ရွယ်ချက်များကို အမျိုးအစားခွဲခြားခြင်း

လွှတ်တော်၏ လုပ်ငန်းဆောင်တာများဖြစ်သည့် ကိုယ်စားပြု မှု၊ အစိုးရအား ထိန်းကျောင်းစိစစ်မှုနှင့် ဥပဒေပြုမှုတို့ကို မေးခွန်း များတွင် ထင်ဟပ်နေခြင်းအား ခွဲခြားသိမြင်နိုင်ရန်အတွက် ကြယ်ပွင့်ပြမေးခွန်းများ၏ ရည်ရွယ်ချက်များကို အောက်ပါ အတိုင်း အမျိုးအစားခွဲခြား ကောက်ယူခဲ့ပါသည်။

(က) ကိုယ်စားပြုမှု

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော ကြယ်ပွင့်ပြ မေးခွန်းများအနက် မေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ် သည် သူ၏ မဲဆန္ဒနယ်မှ ပြည်သူတစ်ရပ်လုံး သို့မဟုတ် တစ်စိတ် တစ်ပိုင်းကို ကိုယ်စားပြု၍ မေးမြန်းခြင်းကို ကိုယ်စားပြုမေးမြန်း ခြင်းဟု သတ်မှတ်ပါသည်။ ဥပမာအားဖြင့် မိုးညှင်းမြို့ရှိ လမ်း များကို ပြုပြင်ပေးရန် မိုးညှင်းမြို့နယ်မဲဆန္ဒနယ် သို့မဟုတ် ကချင်ပြည်နယ်ရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခုခုမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းပါက ကိုယ်စားပြု ခြင်းအဖြစ် သတ်မှတ်ပါသည်။ ထိုသို့မဟုတ်ပဲ ရန်ကုန်တိုင်းဒေသ ကြီးမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မိုးညှင်းမြို့ရှိ လမ်း များကို ပြုပြင်ပေးနိုင်ပါမည်လားဟု မေးမြန်းမှုကို ကိုယ်စားပြု ရန် ရည်ရွယ်ချက်အဖြစ် မယူဆပဲ၊ အစိုးရအား ထိန်းကျောင်း စိစစ်မှု အဖြစ် ကောက်ယူပါသည်။

(ခ) အစိုးရအား ထိန်းကျောင်းစိစစ်မှု

အစိုးရ၏ ရပ်တည်ချက်၊ မူ၀ါဒ၊ လုပ်ငန်းဆောင်ရွက်ချက်များအပါအဝင် အုပ်ချုပ်ရေး ယန္တရားနှင့် တိုက်ရိုက်သက်ဆိုင် နေသော အကြောင်းအရာများကို မေးမြန်းခြင်းအား အစိုးရအား ထိန်းကျောင်းစိစစ်မှုအဖြစ် သတ်မှတ်ပါသည်။ ဥပမာအားဖြင့် မေးခွန်းမေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ်၏ မဲဆန္ဒနယ်တွင် အစိုးရ စိုက်ပျိုးရေး သိပ္ပံကျောင်းတစ်ကျောင်း ဖွင့်ပေးနိုင်မည် လားဟု မေးမြန်းမှုကို ကိုယ်စားပြုခြင်းဟု သတ်မှတ်သော်လည်း အစိုးရ စိုက်ပျိုးရေး သိပ္ပံများ ပိုမိုများပြားစွာ တိုးချဲ့ ဖွင့်လှစ်ပေး နိုင်ပါမည်လောဟု မေးမြန်းသည့် မေးခွန်းများကိုမူ အစိုးရအား ထိန်းကျောင်းစိစစ်ရန် ရည်ရွယ်ချက်ဖြင့် မေးမြန်းသည့် မေးခွန်း များအဖြစ် ခွဲခြားသတ်မှတ်ပါသည်။

(ဂ) ဥပဒေပြုမှု

လွှတ်တော်သည် အဓိကဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သော် လည်း အုပ်ချုပ်ရေးမဏ္ဍိုင်သည် ဥပဒေကြမ်းအများစုကို ရေးဆွဲ နိုင်းသည့်အနေအထားတွင် ရှိနေခြင်း၊ တည်ဆဲဥပဒေများကို လက်တွေ့ကိုင်တွယ် ဖော်ဆောင်နေရခြင်းတို့ကြောင့် ဥပဒေပြု ရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများကို မေးမြန်းရသည်လည်း ရှိသည်။ အုပ်ချုပ်ရေးယန္တရားကို မေးမြန်းရသည်များရှိသလို၊ ဥပဒေပြုရေးနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း မေးမြန်းဖြေ ကြားရသည်များလည်း ရှိခဲ့သည်။

ဘယ်လောက်အတိုင်းအတာအထိ လေ့လာခဲ့သလဲ

ပွင့်လင်းမြန်မာ့ရှေ့ဆောင် လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီအစဉ်တွင် မြန်မာနိုင်ငံရှိ ပြည် ထောင်စုလွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ကို ထည့်သွင်း လေ့လာရန် ရွေးချယ်ထားပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ လွှတ်တော်များကို စောင့်ကြည့်လေ့လာရန်အတွက်မူ ပြည်ထောင်စုလွှတ်တော်၊ အမျိုး သားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ကို လေ့လာစောင့် ကြည့်ရေးတွင် ပါဝင်သည့် အင်္ဂါရပ်များ ပြည့်စုံမှသာ စတင်နိုင်မည် ဖြစ်သည်။

ဥပဒေပြု လွှတ်တော်တစ်ရပ်၏ လုပ်ငန်းဆောင်တာများသည် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့်လည်း ဆက်နွယ်လျက်ရှိ သည်ဖြစ်ရာ အသေးစိတ်လေ့လာရန်အတွက် ကျယ်ဝန်းနက်ရှိုင်း သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ပြင် လွှတ်တော်ကိုယ်စား လှယ်များ၏ လွှတ်တော်တွင်း ဆောင်ရွက်ချက်များကိုသာ လေ့ လာခြင်းဖြင့် လုံလောက်မည် မဟုတ်ပါ။ လွှတ်တော်ပြင်ပ၌ မဲဆန္ဒရှင်ပြည်သူများနှင့် ဆက်ဆံရေး၊ ပါတီအလိုက် ဆောင်ရွက် ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ နိုင်ငံရေး တိမ်းညွှတ်မှုနှင့် လွှတ်တော်တစ်ရပ်လုံး၏ နိုင်ငံရေး ပျိုးထောင် နိုင်မှု စသည်တို့ကို သုတေသန ပြုနိုင်လျှင် မြန်မာ့လူ့အဖွဲ့အစည်း အတွင်းရှိ နိုင်ငံရေးအသွင်ကူးပြောင်းမှုအတွက် များစွာ အကျိုး ဖြစ်ထွန်းနိုင်ဖွယ် ရှိပါသည်။

ယခု အစီရင်ခံစာအတွက် အချက်အလက် ကောက်ယူရာ တွင် လွှတ်တော်တွင်း၌ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ မှ တာဝန်ရှိပုဂ္ဂိုလ်များ လာရောက် ဖြေဆိုရန် မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်းများထဲမှ ဖြေကြား၊ မှတ်တမ်းပြုစုခြင်း ခံရ သည့် မေးခွန်းများကိုသာ ထည့်သွင်းတွက်ချက်ထားခြင်း ဖြစ် ပါသည်။ လွှတ်တော် ကိုယ်စားလှယ်များသည် “လွှတ်တော်ရှိ မေးခွန်း မေးမြန်းခြင်း ဆောင်ရွက်ပုံ အဆင့်ဆင့်” ကို စာမျက်နှာ (၈) တွင် ဖော်ပြထားသည့် အစီအစဉ်များအတိုင်း ဆောင်ရွက်ရသည် ဖြစ်ရာ ယခု ထည့်သွင်းတွက်ချက်ထားသမျှ မေးခွန်းများသည် လွှတ်တော်ကိုယ်စားလှယ်များ အမှန်တကယ် မေးမြန်းရန် ကြိုး စားအားထုတ်ခဲ့သည့် မေးခွန်းအရေအတွက်ထက် လျော့နည်း နေမည်သာ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ရရှိနိုင်သည့် အချက် အလက် အထောက်အထားများကို အခြေခံ၍ ပထမဆုံး ခြေလှမ်း တစ်ခုဖြစ်သော ယခု “အစီရင်ခံစာ အမှတ် (၁) မြန်မာ့လွှတ်တော်ကို အရေအတွက်အခြေပြု ချဉ်းကပ်လေ့လာချက် (ပထမအကြိမ်မှ ဆဌမအကြိမ်ထိ မေးခွန်းများ လေ့လာချက်)”ကို ကိန်းဂဏန်း စာရင်းဇယားများနှင့် ဂရပ်ပုံများအဖြစ် ပြောင်းလဲလျက် လွယ် ကူရှင်းလင်းစွာ ဖတ်ရှုလေ့လာနိုင်ရန် ပြုစုထုတ်ဝေရခြင်း ဖြစ်ပါ သည်။

မှတ်ချက်။ ။ အထက်ဖော်ပြသည့် ဆောင်းပါးသည် လွှတ်တော်လေ့လာစောင့်ကြည့်ရေးအစီရင်ခံစာ အမှတ် (၁) ပါ အခန်း (၁) ကို ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။