One Website + One Mobile App + One API

One Website + One Mobile App + One API

Open Myanmar Initiative အနေဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့တွင် Myanmar Info Tech ရှိ ပင်မအဆောက်အဦ၊ အခန်းအမှတ် (၂၀၅) တွင် One Website + One Mobile App + One API မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

Open Myanmar Initiative အနေဖြင့် လွန်ခဲ့သော တစ်နှစ်ခန့်က စတင်ပြီး www.omimyanmar.org ကို စတင်တည်ဆောက်ဖြစ်ခဲ့ပြီး OMI မိတ်ဆက်ပွဲ အခမ်းအနားနှင့်အတူ မိတ်ဆက်ခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် လွှတ်တော် အသီးသီးမှ Digital Copy အနေဖြင့် အထောက်အပံ့ပေးသော အချက်အလက်များကို အတိုင်းအတာ တစ်ခုအနေဖြင့် ထည့်သွင်းပြီး ဖြစ်သည့်အတွက် ပြန်လည် မိတ်ဆက်ရခြင်း ဖြစ်ပါသည်။ omimyanmar.org တွင် ထည့်သွင်းပြီးသော အချက်အလက်များမှာ

  1. လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်သော အချက်အလက်များ
  2. ပထမအကြိမ် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန် အစည်းအဝေးမှ စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးအထိ အဆိုများ (ဆက်လက်ထည့်သွင်းဆဲ)
  3. ပထမအကြိမ် အမျိုးသားလွှတ်တော် ပထမအကြိမ် ပုံမှန် အစည်းအဝေးမှ ဆဋ္ဌမအကြိမ် ပုံမှန် အစည်းအဝေးအထိ မေးခွန်းများ
  4. ပါတီများ၊ ကော်မရှင်များ၊ ကော်မတီများ
  5. အဆိုများ၊ မေးခွန်းများတွင် ဆွေးနွေးချက်များ၊ ပြန်လည် ဆွေးနွေးချက်များ

MyanmarMPs

MyanmarMPs ဆိုသည်မှာ Android OS စနစ်သုံး Mobile App တစ်ခုဖြစ်ပြီး လွှတ်တော်အမတ်များနှင့် မဲဆန္ဒရှင် ပြည်သူများ တိုက်ရိုက်ဆက်သွယ် ချိတ်ဆက်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်လခန့်က Version တစ်ခု လွှင့်တင်ဖူးပြီး ယခုအခါ Version 2.0 အနေဖြင့် လွှင့်တင်ခဲ့ခြင်း ဖြစ်ပါသည်။ MyanmarMPs Mobile App ကို Google Play Store တွင် အောက်ပါ လင့်မှ တစ်ဆင့် ရယူနိုင်ပါသည်။

http://goo.gl/aYr38u

တိုက်ရိုက်ရယူလိုပါက အောက်ပါလင့်တွင် Download ချ ရယူနိုင်ပါသည်။

https://www.mediafire.com/?v48e3qgm0xyliul

အထက်ပါ Version အသစ်တွင် အောက်ပါ Feature အသစ်များ ပါဝင်ပါသည်။

  1. အချက်အလက်များကို အွန်လိုင်း တစ်ကြိမ် အသုံးပြုရုံဖြင့် cache သိမ်းဆည်းထားနိုင်သည့်အတွက် နောက်တစ်ကြိမ် အွန်လိုင်း ချိတ်ဆက်ရန် မလိုအပ်တော့ခြင်း
  2. မိမိဆက်သွယ်လိုသည့် လွှတ်တော် အမတ်များကို Bookmark ပြုလုပ်ထားနိုင်ခြင်း
  3. User Interface ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်း

Data API

Open Myanmar Initiative အနေဖြင့် API တစ်ခုကို မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအထိ အချက်အလက်များကို အောက်ပါ Website တွင် Register ပြုလုပ်ပြီး ရယူ အသုံးပြုနိုင်ပါသည်။ မည်သည့် ရည်ရွယ်ချက်အတွင်မဆို အသုံးပြုနိုင်ပြီး Open Myanmar Initiative ကို Credit ပေးရန် လိုအပ်မည် ဖြစ်ပါသည်။ အချက်အလက်များကို Open Data အနေဖြင့် ဆက်လက် ဖြည့်သွင်းလိုပါက cto@omimyanmar.org ကို ဆက်သွယ်ပြီး ဆက်လက်ထည့်သွင်းနိုင်ပါသည်။ 

http://developer.omimyanmar.org/

မိတ်ဆက်ပွဲနှင့် ပတ်သက်သော မီဒီယာထုတ်လွှင့်ချက်များ

Kamaryut Media

DVB