OMI Alumni Networking Workshop (Day-3)

OMI Alumni Networking Workshop (Day-3)

ပွင့်လင်းမြန်မာ့ရှေ့ဆောင် သင်တန်းတက်ရောက်ခဲ့သူများ၏ ကွန်ယက်တည်ဆောက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ နောက်ဆုံးနေ့ကို သြဂုတ်လ(၁၈)နေ့တွင် ရန်ကုန်မြို့ ကျိုက််ဝိုင်းဘုရားလမ်းရှိ ဝိုင်းဟိုတယ်တွင် ကျင်းပခဲ့ပါသည်။

မနက်ပိုင်းတွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်မှ ’’အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ အကြောင်း’’ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

သတင်းအချက်အလက် ရယူသိရှိနိုင်ခြင်းဖြင့် အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး အစရှိသောကဏ္ဍများ တွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှုများ မြှင့်တင်နိုင်ခြင်း၊ အဂတိတိုက်စားမှုကို ကာကွယ်တာဆီးနိုင် ခြင်း၊ နိုင်ငံရေးဖြစ်စဉ်များတွင် နိုင်ငံသူ/နိုင်ငံသားများ၏ ပါ၀င်ဆောင်ရွက်ခွင့် ကျယ်ပြန့်လာမည့် အကျိုး ကျေးဇူးများ ရလာနိုင်မည် ဖြစ်ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။

ညနေပိုင်းတွင် မစ္စအန်ဒရီယာမှ နိုင်ငံခြားဘဏ်များနှင့် ပြည်တွင်းဘဏ်များအကြောင်း ဆွေးနွေးခဲ့့ပြီးနောက် ဦးသီဟသူ (သံလွင်နိုင်ငံသားစွမ်းရည်မြှင့်တင်ရေးအဖွဲ့) မှ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မှီ အချိန်ထိ ဒေသအလိုက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအဖြေရှာခဲ့ကြသည်။

ထို့နောက် ညနေ ၄နာရီတွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင် သင်တန်းတက်ရောက်ခဲ့သူများ၏ ကွန်ယက်တည်ဆောက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။