OMI Alumni Networking Workshop (Day-2)

OMI Alumni Networking Workshop (Day-2)

ပွင့်လင်းမြန်မာ့ရှေ့ဆောင် သင်တန်းတက်ရောက်ခဲ့သူများ၏ ကွန်ယက်တည်ဆောက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို သြဂုတ်လ(၁၇)နေ့တွင် ရန်ကုန်မြို့ ကျိုက််ဝိုင်းဘုရားလမ်းရှိ ၀ုိင်းဟိုတယ်တွင် ဆက်လက်် ကျင်းပခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ အဖွဲ့တွင် လေ့ကျင့်သင်တန်းပေးရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းမှ ’’ဒေသန္တရ နိုင်ငံရေးနှင့် ပြည်သူလူထု ပါ၀င်ဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

ဒေသန္တရ နိုင်ငံရေးနှင့် ပြည်သူလူထု ပါ၀င်ဆောင်ရွက်မှု ဆိုသည်မှာ အောက်ခြေ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို တိုက်ရိုက်ထိတွေ့မှု ရှိနေသည့် ပြည်သူများ၏ ဖွံဖြိုးရေးကိစ္စများ၊ စီမံကိန်းကိစ္စများကို ဆိုလိုခြင်း ဖြစ်ပြီး ဥပမာအားဖြင့် သွားရေးလာရေး၊ သယ်ယူပို့ဆောင်ရေးစသည့် ကိစ္စများတွင် ပြည်သူလူထု၏ ပါ၀င်မှု၊ အစုအဖွဲ့ဖြစ်သည့် နိုင်ငံရေးပါတီများ ပါ၀င်ဆောင်ရွက်မှုတို့ ဖြစ်ကြောင်း ဦးအောင်သူငြိမ်းမှ ပြောကြားခဲ့သည်။

နေ့လည်ပိုင်းတွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ သုတေသနဌာန ဒါရိုက်တာ ဦးထင်ကျော်အေးမှ ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လွှတ်တော်လေ့လာစောင့်ကြည့်ရေးနှင့် ဘတ်ဂျတ်လေ့လာစောင့်ကြည်ရေး လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ည​နေပိုင်​းတွင်​ ပွင်​့လင​း်မြန်​​မာ့​ရှေ့​ဆောင်​၏ ဒုတိယအမှု​ဆောင်​ဒါရိုက်​တာ Ms Andrea Hyniova မှ Economic Transformation of Myanmar ​ခေါင်​းစဉ်​ဖြင့်လည်​း​ကောင်​း၊ ချက်သမ္မတနိုင်ငံ မန်ဒဲလ်တက္ကသိုလ်မှ ဘောဂဗေဒ ပါမောက္ခ ရစ်ချက်တာဇနီမှ စီပွားရေး ပြုပြင်ပြောင်းလဲမှု (မြန်မာနိုင်ငံအတွက် ကမ့္ဘာ့နိုင်ငံများမှ သင်ခန်းစာများ) ​ခေါင်​းစဉ်တို့​ဖြင့်လည်​း​ကောင်​း ဟောပြော ဆွေးနွေးခဲ့ကြပါသည်။