MyanmarMPs Mobile Application

MyanmarMPs Mobile Application

Open Myanmar Initiative အနေဖြင့် ၂၀၁၄ ခုနှင့် ဇွန်လ ၂၄ ရက်နေ့တွင် လွှတ်တော်အမတ်များနှင့် မဲဆန္ဒနယ် ပြည်သူများ တိုက်ရိုက် ဆက်သွယ်နိုင်စေရန် ရည်ရွယ်သော မိုဘိုင်း အပ် (MyanmarMPs Mobile Application) ကို Google Play Store တွင် တရားဝင်လွှင့်တင်ခဲ့ပါသည်။  ရယူလိုသူများ အနေဖြင့် အောက်ပါ Google Play Store တွင် ရယူနိုင်ပါသည်။

get-it-on-google-play-store-logo

MyanmarMPs Mobile App ၏ ရည်ရွယ်ချက်များ

 

  • လွှတ်တော်အမတ်များနှင့် မဲဆန္ဒနယ်ပြည်သူများ တိုက်ရိုက်ချိတ်ဆက် ဆက်သွယ်နိုင်စေရန်
  • နိုင်ငံရေးနှင့် မိုဘိုင်းနည်းပညာကို ပေါင်းစပ် အသုံးပြုနိုင်စေရန်
  • လွှတ်တော်အမတ်များ၏ အွန်လိုင်းလုပ်ဆောင်ချက်များကို မိုဘိုင်းမှတစ်ဆင့် အလွယ်တကူ သိရှိနိုင်စေရန်

 

MyanmarMPs အနေဖြင့် ယခုအချိန်တွင် Android Smart Phone များတွင်သာ အသုံးပြုပါသည်။ အချက်အလက်များ ရယူရာတွင် အွန်လိုင်းချိတ်ဆက်ထားရန် လိုအပ်မည် ဖြစ်သည်။ လွှတ်တော် အမတ်များနှင့် ဆက်သွယ်ရာတွင် ဖုန်းနံပါတ်၊ အီးမေးလ်၊ ဖေ့စ်ဘုတ်၊ တွက်တာ စသည်တို့ဖြင့် ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ထားပါသည်။

နောက်ထပ် အဆင့်မြင့်တင်မည့် ဗားရှင်းတွင် အသုံးပြုသူ လည်ပတ်ထားသော အချက်အလက်များကို မိုဘိုင်းဖုန်းအတွင်း မှတ်သားပေးခြင်း မိမိရွေးချယ်လိုသည့် လွှတ်တော်အမတ်ကို မှတ်သားထားနိုင်ခြင်း စသည့်တို့ အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားပါသည်။ လိုအပ်ချက်များ အမှားအယွင်းများ တွေ့ရှိလျှင်သော်လည်းကောင်း၊ အကြံပြုချက်များ ပေးပို့လိုလျှင် cto@omimyanmar.org သို့ ပေးပို့နိုင်ပါသည်။

 

unnamed