လွှတ်တော်အမတ်များနှင့် ပတ်သက်သော အချက်အလက်များ ထည့်သွင်းပြီးစီးခြင်း (အကြမ်းအဆင့်)

လွှတ်တော်အမတ်များနှင့် ပတ်သက်သော အချက်အလက်များ ထည့်သွင်းပြီးစီးခြင်း (အကြမ်းအဆင့်)

Open Myanmar Initiative အနေဖြင့် လွှတ်တော်အမတ်များနှင့် သက်ဆိုင်သော အချက်အလက်များကို ထည့်သွင်းလျှက်ရှိရာ ယခုအချိန်တွင် အကြမ်းအားဖြင့် ထည့်သွင်းပြီးစီးပြီ ဖြစ်သည်။ လွှတ်တော်အမတ်များနှင့် ပတ်သက်သော အချက်အလက်များ ထည့်သွင်းရာတွင် ပထမအကြိမ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခါစက အနေအထားကို ထည့်သွင်းထားခြင်း ဖြစ်သဖြင့် ပါတီဆိုင်ရာ အချက်အလက်များ မှားယွင်းမှုများ ရှိနေနိုင်ပါသည်။ လွှတ်တော် အမတ်များနှင့် ပါတီဆိုင်ရာ အပြောင်းအလဲများကို ဆက်လက်ထည့်သွင်းသွားမည် ဖြစ်ပါသည်။ အမှားအယွင်းများ၊ အကြံပြုချက်များကိုလဲ အနှူးအညွှတ် ဖိတ်ခေါ်အပ်ပါသည်။ ဝေဖန် အကြံပြုချက်များ ပေးပို့လိုပါက research@omimyanmar.org သို့ ပေးပို့နိုင်ပါသည်။ လွှတ်တော်ဆိုင်ရာ အခြားအချက်အလက်များ အနေဖြင့် လွှတ်တော်ဆိုင်ရာ ကော်မတီများနှင့် ပတ်သက်သည့် အချက်အလက်များ ထည့်သွင်းပြီး ဖြစ်ပါသည်။ အချက်အလက်များ ကြည့်ရှုလိုပါက အောက်ပါ လင့်များတွင် ကြည့်ရှုနိုင်ပါသည်။

(အခြားအချက်အလက်များကိုလဲ အချိန်နဲ့ တစ်ပြေးညီ ထည့်သွင်းလျှက်ရှိကြောင်း အသိပေးအပ်ပါသည်။)