ဒေသန္တရ စီမံအုပ်ချုပ်မှု သင်တန်းဆင်းပွဲ (မွန်ပြည်နယ်၊ မော်လမြိုင်မြို့)

ဒေသန္တရ စီမံအုပ်ချုပ်မှု သင်တန်းဆင်းပွဲ (မွန်ပြည်နယ်၊ မော်လမြိုင်မြို့)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်နှင့် တိုးတက်သော မွန်လူငယ်များ အစည်းအရုံးတို့ ပူးပေါင်းစီစဉ်သည့် ဒေသန္တရ စီမံအုပ်ချုပ်မှု အသိပညာပေးသင်တန်းကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမတွင် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့မှ (၇) ရက်နေ့အထိ (၆) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး မုဒုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ရေးမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့မှ သင်တန်းသူ/သား (၂၉) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ ညနေပိုင်း၌ မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။