ပထမပုံမှန်အစည်းအဝေးမှ ဆဌမပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်အခင်းအကျင်း

ပထမပုံမှန်အစည်းအဝေးမှ ဆဌမပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်အခင်းအကျင်း

Web-Banner-final


မြန်မာနိုင်ငံ၏ ဥပဒေပြုလွှတ်တော်ကို ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့ဖြင့် ဖွဲ့စည်းထားပြီး၊ ထိုလွှတ်တော် နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်ဟု ခေါ်တွင်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံး ကြောင်း တွေ့ရှိရသည်။ ပြည်သူ့လွှတ်တော်သည် မြို့နယ်တစ်ခု ချင်းစီကို အခြေခံ၍ ရွေးကောက်တင်မြှောက်ထားသည့် လွှတ် တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး၊ အမျိုးသားလွှတ် တော်ကမူ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုချင်းစီအတွက် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦးစီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုလွှတ်တော် နှစ်ရပ်လုံးတွင် ပါ၀င်သည့် ရွေးကောက်ခံ ကိုယ်စားလှယ် အရေအတွက် သုံးပုံတစ်ပုံစီကို တပ်မတော်သား ကိုယ်စားလှယ်များ ခန့်အပ်ထည့်သွင်းလိုက်ခြင်းအားဖြင့် ထို လွှတ်တော်နှစ်ရပ်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ အရေအတွက်မှာ ၇၅ ရာခိုင်နှုန်းစီသာ ကျန်ရှိတော့သည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်သည် ပြည်သူ့လွှတ်တော် မှ ကိုယ်စားလှယ် ၄၄၀ ဦး၊ အမျိုးသားလွှတ်တော်မှ ကိုယ်စား လှယ် ၂၂၄ ဦး၊ စုစုပေါင်း ၆၆၄ ဦးဖြင့် ဖွဲ့စည်းထားသည်။ သို့ သော် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိသည့် နယ်မြေများအဖြစ် သတ်မှတ်ချန်လှပ်ခဲ့ခြင်း ကြောင့် စတင်ဖွဲ့စည်းခဲ့သည့် လွှတ်တော်များတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၅ ဦးတို့သာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ပါ၀င်နိုင်ခဲ့သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကိုမူ သတ်မှတ်အရေအတွက် အတိုင်း အပြည့်အ၀ ခန့်အပ်ထားခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ၄၆ ဦးသည် အစိုးရအဖွဲ့တွင် ပါ၀င်ရန် ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသည့်အတွက် လွှတ်တော်များအတွင်း ရွေးကောက်ခံ ကိုယ် စားလှယ်ဦးရေသည် အမျိုးသား လွှတ်တော်တွင် ၁၆၂ ဦးနှင့် ပြည်သူ့လွှတ်တော်တွင် ၂၈၅ ဦးထိသို့ ထပ်မံလျော့ကျသွားခဲ့ ရသည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦးသာ ရွေးကောက်တင်မြှောက်နိုင်ခဲ့သည်ဖြစ်ရာ လွှတ်တော် တွင်း ရွေးကောက်ခံကိုယ်စားလှယ်များ၏ အချိုးအစားမှာ မူလ သတ်မှတ်ထားသည့် အရေအတွက်ကို ယခုတိုင် ပြည့်မီခဲ့ခြင်း မရှိခဲ့ပါ။ လွှတ်တော် စတင်ခေါ်ယူ သည့် ၃၁ ရက်၊ ဇန်န၀ါရီလ၊ ၂၀၁၁ ခုနှစ်မှစ၍ ဆဌမအကြိမ် ပုံမှန်အစည်းအဝေးများ ပြီးစီးချိန် အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ရွေးကောက်ခံ လွှတ် တော်ကိုယ်စားလှယ်များအဖြစ် ဆဌမပုံမှန် လွှတ်တော် အစည်း အဝေးများတွင် တက်ရောက်ခွင့်ရှိသည့် ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၃၁၉ ဦး၊ ရွေးကောက်ခံ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး၊ ထို့ကြောင့် ပြည် ထောင်စုလွှတ်တော်တွင် တက်ရောက်ခွင့်ရှိသည့် ရွေးကောက်ခံ ကိုယ်စားလှယ်ပေါင်း ၄၈၅ ဦး ကျန်ရှိကြောင်း တွေ့ရပါသည်။

ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော်သည် မြန်မာနိုင်ငံရှိ မြို့နယ်တစ်ခုချင်းစီ မှ ကိုယ်စားလှယ်တစ်ယောက်စီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးတို့ ပါ၀င်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သတ်မှတ်ထားသည်။ ၂၀၁၀ ပြည့်နှစ် ရွေး ကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် လောင်း ၉၄၉ ဦး ၀င်ရောက်ယှဉ်ပြိုင်ပြီး ၃၂၅ ဦး ရွေးကောက်ပွဲ အနိုင်ရခဲ့သည်။

၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပြည်သူ့လွှတ်တော်သို့ ကိုယ် စားလှယ် ၃၆၂ ဦး (၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ၃၂၅ ဦးနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၃၇ ဦး) ကို ပြည်သူများမှ တိုက်ရိုက်ရွေးကောက် တင်မြှောက်ခဲ့နိုင်ပြီ ဖြစ်သည်။ တပ်မတော်သား ကိုယ်စားလှယ် ၁၇၅ ဦး သည်လည်း ပြည်သူ့လွှတ်တော်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ခန့်အပ်မှုအရ လာရောက်တာ၀န်ထမ်း ဆောင်ခဲ့ဖူးပြီ ဖြစ်သည်။ (အဌမအကြိမ် ပုံမှန် အစည်းအဝေး အထိ) တပ်မတော်သား ကိုယ်စားလှယ် ၆၅ ဦးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆိုပြုမှုဖြင့် အစားထိုးခန့်အပ်ခဲ့ပြီး ဖြစ်သည်။

ပြည်သူ့လွှတ်တော် ဖွဲ့စည်းရန်အတွက် ကိုယ်စားလှယ်များ အား မြို့နယ်တစ်ခုလျှင် တစ်ဦးကျ ရွေးကောက်တင်မြှောက်ရ ခြင်း ဖြစ်ရာ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ခုတို့၏ နယ် နိမိတ် အကျယ်အ၀န်းနှင့် မြို့နယ်ဖွဲ့စည်းပါ၀င်သည့် အရေအတွက် မတူညီမှုကြောင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များ အလိုက် ချဉ်းကပ်ကြည့်လျှင် မဲဆန္ဒနယ်အရေအတွက် ကွာ ခြားပြီး ကိုယ်စားလှယ်ဦးရေလည်း မတူညီချေ။ တိုင်းဒေသကြီး နှင့် ပြည်နယ်များအလိုက် မဲဆန္ဒနယ်များ ပါ၀င်မှုကို ဇယားတွင် ဖော်ပြထားပါသည်။

PHOTO INSERT

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့စဉ်က ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိသည့် ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် ၅ ခုတွင် ရှမ်းပြည်နယ်၌ ပါ၀င်သော ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ ပန်၀ိုင်မြို့နယ်၊ မိုင်းမောမြို့နယ်နှင့် မိုင်းလားမြို့ နယ်တို့မှ ကိုယ်စားလှယ်နေရာများ လစ်လပ်ခဲ့သည့်ပြင် ထိုနေ ရာများကို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ရွေး ကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိချေ။ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲတွင် ကချင်ပြည်နယ်မှ ဗန်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့တွင် လစ်လပ်ခဲ့သည့် ကိုယ်စားလှယ် နေရာများအတွက် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခဲ့ခြင်း မရှိသည် ကို တွေ့ရသည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော်တွင် ရှမ်းပြည် နယ်မှ ကိုယ်စားလှယ် ၅၀ ဦးနှင့် ကချင်ပြည်နယ်မှ ၁၅ ဦးတို့ သာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် တာ ၀န်ထမ်းဆောင်လျက် ရှိကြသည်။

၂၀၁၁ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ် နေရာအများဆုံး အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော်တွင်းမှ ကိုယ်စားလှယ် ၄၀ ဦးကို ခေါ်ယူကာ အစိုးရဖွဲ့ခဲ့သည်။ သို့သော် တပ်မတော် သား ကိုယ်စားလှယ်များ ၏ အရေအတွက်မှာ ၁၁၀ ဦး ပုံမှန်ရှိနေသည့်အတွက် ၂၀၁၂ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီကာလအထိ ပြည်သူ့ လွှတ်တော်တွင်းမှ တပ်မတော်သားကိုယ်စားလှယ်များ၏ အချိုး မှာ ၂၇.၈ ရာခိုင်နှုန်းအထိ ရှိနေခဲ့သည်။ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ် ငါးခု ရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးကို အစိုးရဖွဲ့ရာတွင် ခေါ်ယူခဲ့သည့်အတွက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီကာလတွင် လစ်လပ်နေရာ ၄၅ နေရာရှိပြီး၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေး ကောက်ပွဲတွင် ၃၇ နေရာ ဖြည့်တင်းခဲ့သဖြင့် လစ်လပ်နေရာ ၈ နေရာကျန်ရှိနေသေးသည်။

ပြည်သူ့လွှတ်တော်၌ ပါတီများ ပါ၀င်မှု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၁ ခုနှစ် ပြည်သူ့လွှတ်တော်ကို စတင်ဖွဲ့စည်းစဉ်တည်းကပင် လွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်သည့် နိုင်ငံရေးပါတီ အဖြစ် ရှိနေသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၂၁၇ ဦး လွှတ်တော်ထဲသို့ ရွေးကောက်ခံခဲ့ရပြီး ထိုပါတီမှ ကိုယ်စားလှယ် ၄၀ ဦး အစိုးရ တာ၀န်ထမ်းဆောင်ရန် ထွက်ခွာသွား ချိန်အထိ ပြည်သူ့လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ ၄၄.၈ ရာခိုင်နှုန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲဖြစ်ခဲ့ သည်။ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်အထိ ပြည်သူ့လွှတ် တော်တွင် ကိုယ်စားလှယ်နေရာ ဒုတိယအများဆုံးရခဲ့သည့် ပါတီကြီးနှစ်ခုမှာ ကိုယ်စားလှယ် ၁၈ နေရာရရှိသည့် ရှမ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ကိုယ်စားလှယ် ၁၂ နေရာ ရရှိသည့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီတို့ ဖြစ်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ကိုယ်စားလှယ် ၃၇ နေရာ အနိုင်ရရှိ ခဲ့ပြီးနောက်၊ ကိုယ်စားလှယ် အရေအတွက် ၈.၅ ရာခိုင်နှုန်းဖြင့် ဒုတိယမြောက် လွှတ်တော်ကိုယ်စားလှယ် အများဆုံးပါဝင်သည့် ပါတီဖြစ်လာသည်။

ပြည်သူ့လွှတ်တော်၌ ကျား-မ ပါ၀င်မှု

ပြည်သူ့လွှတ်တော်တွင် အမျိုးသမီးလွှတ်တော် ကိုယ်စား လှယ် ၁၂ ဦးသာရှိနေသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ရွေးကောက်ခံ အမျိုးသမီးကိုယ်စားလှယ်များ၏ ပါ၀င်မှုမှာ ၃.၇ ရာခိုင်နှုန်း သာရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး လွှတ်တော်တွင်း ၀င်ရောက်လာသဖြင့် အရေအတွက်အားဖြင့် နှစ်ဆတိုးလာခဲ့ ကာ၊ ပြည်သူ့လွှတ်တော်၏ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုနိုင်လာ သည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှာ အစိုးရတာ၀န်ထမ်းဆောင် ရန် လွှတ်တော်မှ ထွက်ခွာသွားခဲ့သည်။

ပြည်သူ့လွှတ်တော်၌ တိုင်းရင်းသား ကိုယ်စားလှယ်များ ပါ၀င်မှု

ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ပါ၀င်သည့် လွှတ်တော် တစ်ခုလုံး၏ ၆၈.၅ ရာခိုင်နှုန်းသည် ဗမာတိုင်းရင်းသားများဖြစ်နေသည်ကို တွေ့ရ သည်။ ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များမှာ ၆.၃ ရာခိုင်နှုန်း ဖြင့် ဒုတိယနေရာမှ ရှိနေသည်။ ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ၄.၇ ရာခိုင်နှုန်းရှိပြီး၊ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၁.၈ ရာခိုင်နှုန်းရှိသည်။ မွန်တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ် ၁.၆ ရာခိုင်နှုန်းရှိကာ၊ ချင်း တိုင်းရင်းသား ကိုယ်စားလှယ် ၁.၄ ရာခိုင်နှုန်းရှိသည်။

ပြည်သူ့လွှတ်တော်တွင် တာ၀န်ထမ်းဆောင်ရန် ခန့်အပ် ခြင်းခံရသည့် တပ်မတော်သား ကိုယ်စားလှယ် ၁၇၅ ဦး ရှိရာ တွင် တပ်မတော်သား ကိုယ်စားလှယ် ၆၅ ဦး သည် မည်သည့် တိုင်းရင်းသား ဖြစ်ကြောင်း အချက်အလက် မရရှိခဲ့ပါ။ တိုင်းရင်း သားဖြစ်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ရရှိခဲ့သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အားလုံးတွင် ၁၅ ဦးသာ ဗမာ မဟုတ်သည့် အခြားတိုင်းရင်းသားများ ဖြစ်သည်။ တပ်မတော်သားလည်းဖြစ် တိုင်းရင်းသားလည်း ဖြစ်သည့် ကိုယ်စားလှယ်များအနက် ၁၀ ဦးမှာ ရခိုင်တိုင်းရင်းသားများဖြစ် ပြီး ရှမ်းတိုင်းရင်းသား သုံးဦးနှင့် ကရင်တိုင်းရင်းသား တစ်ဦး၊ မွန်တိုင်းရင်းသား တစ်ဦးစီပါ၀င်သည်။

လွှတ်တော်တွင်း အကြီးဆုံးပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဗမာမဟုတ်သည့် တိုင်းရင်း သားအရေအတွက် အများဆုံးရှိနေသည့် ပါတီဖြစ်နေပြီး ထို ပါတီကို ကိုယ်စားပြုနေသည့် ကိုယ်စားလှယ် ၅၅ ဦးမှာ ဗမာ မဟုတ်သည့် တိုင်းရင်းသားများဖြစ်သည်။

ရှမ်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သည်လည်း တိုင်ရင်းသား ကိုယ်စားပြုမှု အများဆုံးရှိနေသည့် ပါတီများဖြစ်သည်။ ရှမ်း အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ် ၁၅ ဦး လွှတ်တော်တွင်းရှိနေပြီး၊ ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် ရခိုင်တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ကိုးဦး လွှတ်တော်တွင်း ရှိနေသည်။ မွန်ဒေသလုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် မွန်တိုင်းရင်းသား ကိုယ်စား လှယ် သုံးဦး လွှတ်တော်တွင်း ရှိနေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗမာမဟုတ်သည့်တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၄ ဦးရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ကိုးကွယ်ရာဘာသာ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံး၏ ၈၈.၆ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်ပြီး ၅.၅ ရာခိုင် နှုန်းမှာ ခရစ်ယာန်ဘာသာ၀င်များဖြစ်သည်။ အစ္စလာမ်ဘာသာ ကိုး ကွယ်သူ ၀.၄ ရာခိုင်နှုန်း ပါ၀င်သည်။ လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦး၏ ကိုးကွယ်ရာ ဘာသာကို မသိရှိပါ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျာ၏ယခင်အလုပ်အကိုင်

လွှတ်တော်ကိုယ်စားလှယ်များ၏ ယခင်အလုပ်အကိုင်များ ကို ကောက်ယူရာတွင် အလုပ်များကို ယေဘုယျ အမျိုးအစား များခွဲခြားပြီး လေ့လာခဲ့ပါသည်။ ယခုကောက်ယူထားသော အလုပ်အကိုင်များမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ သမိုင်း ကြောင်းတစ်လျောက် လွှမ်းမိုးမှုအရှိဆုံး အလုပ်အကိုင်ကိုရယူပြီး စာရင်းကောက်ယူခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် အစိုးရ၀န်ထမ်း (အစိုးရအရာရှိ ဟောင်းများအပါအ၀င်) အဖြစ်မှ ရောက်ရှိလာသူ ကိုယ်စားလှယ် ၂၂.၂ ရာခိုင်နှုန်းရှိနေပြီး၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် အဖြစ် မှ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူ ၁၆.၁ ရာခိုင်နှုန်း ရှိနေသည်။ ရွေးကောက်ခံကိုယ်စားလှယ်များအတွင်း စစ်ဘက် နောက်ခံသက်သက်မှ ကိုယ်စားလှယ်ဖြစ်လာသူ ၅.၇ ရာခိုင်နှုန်း ရှိသည်။ အစိုးရ၀န်ထမ်းဟောင်းအဖြစ် သတ်မှတ်ခံရသူများ တွင် တစ်ချိန်က စစ်ဘက်တာ၀န်များကို ထမ်းဆောင်ခဲ့ပြီး နောက် အစိုးရ၀န်ထမ်း အရာရှိတာ၀န်သို့ ကူးပြောင်းထမ်း ဆောင်ခဲ့သူများလည်း ပါ၀င်သည်။ ပညာရေးနယ်ပယ်မှ လွှတ် တော်တွင်း ရောက်ရှိလာသူ ၈.၅ ရာခိုင်နှုန်းရှိပြီး၊ ဥပဒေသမား ၃ ရာခိုင်နှုန်း ပါ၀င်သည်။

အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခု လျှင် ကိုယ်စားလှယ် ၁၂ ဦးစီနှုန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ် သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အတွက် တိုက်ရိုက်ရွေးကောက်ခံ ကိုယ်စားလှယ် ၁၆၈ ဦးရှိနေသည်။ ပြည်သူ့လွှတ်တော်နှင့် အလားတူပင် အမျိုးသားလွှတ်တော်တွင် လည်း စစ်ဘက်မှ တိုက်ရိုက်ခန့်အပ်ခံရသည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါ၀င်နေသောကြောင့် ရွေး ကောက်ခံကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၅၆ ဦး၊ စုစုပေါင်း ၂၂၄ ဦး ပါ၀င်ဖွဲ့စည်းထား သည့် လွှတ်တော်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကာလကပင် ရွေးကောက်ခံကိုယ်စားလှယ် အပြည့်အ၀ ဖြည့်ဆည်းနိုင်ခဲ့သည့် အမျိုးသားလွှတ်တော်အတွင်းမှ အစိုးရအဖွဲ့သို့ ကိုယ်စားလှယ် ၆ ဦးတာ၀န်ထမ်းဆောင်ရန် ထွက်ခွာသောကြာင့် လစ်လပ်နေခဲ့ သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၆ နေရာကို ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် အပြည့်အ၀ ပြန်ဖြည့်စီးနိုင်သည့်။ ၂၀၁၃ ခုနှစ်အတွင်း အမျိုးသား လွှတ်တော်ရှိ တပ် မတော်သားကိုယ်စားလှယ် အစားထိုးလဲလှယ်မှု တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့သည့် မြို့ရွာများ ရှိခဲ့သည်။ သို့သော် သတ်မှတ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်များတွင် ထိုမြို့ရွာများကို ချန်လှပ်၍ ရွေးကောက်ပွဲကျင်းပကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ အပြည့်အ၀ ရွေးကောက် တင်မြှောက်နိုင်ခဲ့သည်။

အမျိုးသားလွှတ်တော်၌ ပါတီများ ပါ၀င်မှု

၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရွေးကောက်တင်မြှောက်ခံရပြီး သမ္မတအဖြစ် ထပ်မံ ရွေးကောက်ခံရသည့် ဦးသိန်းစိန်က အစိုးရဖွဲ့သည့်အခါ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးကို အစိုးရအဖွဲ့သို့ ခေါ်ယူခဲ့သည်။ အခြားမည်သည့်ပါတီမှ အမျိုးသားလွှတ်တော် တွင် ဆယ်ဂဏန်းပြည့်မီသော လွှတ်တော်ကိုယ်စားလှယ် အရေအတွက် မရှိပေ။ အမျိုးသားလွှတ်တော်တွင်း လွှတ်တော် ကိုယ်စားလှယ် ဒုတိယအများဆုံးပါတီမှာ ရခိုင်အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီဖြစ်ပြီး ကိုယ်စားလှယ် ၇ နေရာ ရရှိထားသည်။ ကျန်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးပေါင်း လျှင် အမျိုးသားလွှတ်တော်တစ်ခုလုံး၏ ၁၈ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း တွေ့ရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် အခင်း အကျင်းသည် သိသိသာသာ ပြောင်းလဲခြင်းမရှိပဲ လစ်လပ်နေရာ ၆ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄ နေရာ၊ ရှမ်းအမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ တစ်နေရာစီ ပါ၀င်လာကြခြင်းသာ ရှိသည်။

အမျိုးသားလွှတ်တော်၌ ကျား-မ ပါ၀င်မှု

၉၇.၃ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များမှာ အမျိုးသား များဖြစ်ပြီး၊ ၂.၆ ရာခိုင်နှုန်းဖြစ်သည့် ကိုယ်စားလှယ် ၆ နေရာ ကိုသာ အမျိုးသမီးကိုယ်စားလှယ်များက ရယူထားနိုင်ခဲ့သည်။ ယင်းတို့အနက် ၅ ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှဖြစ်ပြီး၊ တစ်ဦးမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးကိုယ်စားလှယ်နှစ်ဦးမှာ အစိုးရတာ၀န်ထမ်းဆောင်ရန် နှုတ်ထွက်သွားသောကြောင့် အမျိုးသားလွှတ်တော်တွင် အမျိုး သမီးလွှတ်တော်ကိုယ်စားလှယ် ပါ၀င်မှု ၁.၆ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

အမျိုးသားလွှတ်တော်၌ တိုင်းရင်းသားကိုယ်စားလှယ်များ ပါ၀င်မှု

အမျိုးသားလွှတ်တော်တွင်လည်း ဗမာတိုင်းရင်းသား လွှတ် တော်ကိုယ်စားလှယ် ၆၂.၁ ရာခိုင်နှုန်းဖြင့် ပါ၀င်ပြီး၊ ဗမာမဟုတ် သည့် တိုင်းရင်းသားများထဲတွင် ရခိုင်တိုင်းရင်းသားများ (၆ ရာခိုင်နှုန်း)၊ ကရင် (၅.၅ ရာခိုင်နှုန်း)၊ မွန် (၅.၁ ရာခိုင်နှုန်း) နှင့် ရှမ်းတိုင်းရင်းသား (၄.၇ ရာခိုင်နှုန်း ) လွှတ်တော်ကိုယ်စားလှယ် များစသည်ဖြင့် အသီးသီး ရှိကြသည်။ (ကိုယ်စားလှယ် ကိုးဦး၏ တိုင်းရင်းသားဆိုင်ရာ အချက်အလက်များကို မသိရှိပါ။)

လွှတ်တော်တွင်း အင်အားအကြီးဆုံးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုသည့် ကယားရင်းသား လွှတ်တော်ကိုယ်စားလှယ် ကိုးဦး၊ ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ခုနှစ်ဦး၊ ချင်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦး၊ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦး၊ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် လေးဦးနှင့် မွန်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် သုံးဦး အသီးသီးရှိနေသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ကိုးကွယ်ရာဘာသာ

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံးအနက် ၂၀၃ ဦးမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများ ဖြစ်ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၈၆.၄ ရာခိုင်နှုန်းပါ၀င်နေသည်။ ခရစ်ယာန်ဘာသာကို ကိုးကွယ်သည့် လွှတ်တော်ကိုယ်စားလှယ် ၉.၈ ရာခိုင်နှုန်းရှိပြီး၊ အစ္စလာမ်ဘာသာကို ကိုးကွယ်သူ ၀.၄ ရာခိုင်နှုန်းရှိသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ယခင်အလုပ်အကိုင်

အမျိုးသားလွှတ်တော်တွင် စီးပွားရေးလုပ်ငန်းရှင်အဖြစ်မှ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူများမှာ အများဆုံး အချိုး အစားဖြင့် ပါ၀င်ပြီး လွှတ်တော်တစ်ခုလုံး၏ ၂၁.၇ ရာခိုင်နှုန်း အထိ ရှိနေသည်။ ဒုတိယအများဆုံးမှာ ကိုယ်စားလှယ်နေရာ ၁၉.၆ ရာခိုင်နှုန်းကို ရယူထားသည့် အစိုးရ၀န်ထမ်း၊ အရာရှိ ဟောင်းများ ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် စစ်ဘက်မှ ကူးပြောင်းလာခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၃.၈ ရာခိုင်နှုန်း ပါ၀င်နေသည်။ တကယ့်လက်တွေ့တွင် ၁၉ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်များမှာ ယခင်စစ်ဘက် အရာရှိဟောင်း များ ဖြစ်သည်။ ပညာရေးနယ်ပယ်မှလာသော လွှတ်တော် ကိုယ်စားလှယ် ၈.၉ ရာခိုင်နှုန်းရှိနေပြီး၊ ဆေးပညာဘက်နှင့် ဥပဒေပညာဘက်မှ လာသော ကိုယ်စားလှယ် ၅.၁ ရာခိုင်နှုန်းနှင့် ၃.၈ ရာခိုင်နှုန်း အသီးသီး ရှိနေသည်။ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ကိုယ်စားလှယ် ၄.၃ ရာခိုင်နှုန်း ရှိနေသည်။

မှတ်ချက်။ ။ အထက်ဖော်ပြသည့် ဆောင်းပါးသည် လွှတ်တော်လေ့လာစောင့်ကြည့်ရေးအစီရင်ခံစာ အမှတ် (၁) ပါ အခန်း (၂) ကို ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။