အသိပညာ မျှဝေဖလှယ်ရေး အစီအစဉ် (European Lessons from Economic Transition:Strategy, Openness, Accountability)

အသိပညာ မျှဝေဖလှယ်ရေး အစီအစဉ် (European Lessons from Economic Transition:Strategy, Openness, Accountability)

ပွင့်လင်းမြန်မာရှေ့ဆောင်၏ အသိပညာ မျှဝေဖလှယ်ရေး အစီအစဉ်အဖြစ် ၂၇ - ရ - ၂၀၁၇ (ကြာသပတေးနေ့) မွန်းလွဲ ၃နာရီက "European Lessons from Economic Transition:Strategy, Openness, Accountability" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ချက်သမ္မတနိုင်ငံရှှိ Transparency International အဖွဲ့အစည်း အကြီးအကဲဲ David Ondracka မှ ဦးဆောင် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသူ/ကျောင်သားများ၊ အဖွဲ့အစည်း အသီးသီးမှ တက်ရောက်လာကြသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဟောပြောဆွေးနွေးပွဲတွင် အသွင်ကူးပြောင်းရေး ကာလအတွင်း နိုင်ငံရေးနှင့် စီးပွားရေး ကူးပြောင်းမှုများကို နိုင်ငံတကာ ဖြစ်ရပ်များနှင့် နှိုင်းယှဉ်၍ ဆွေးနွေးခဲ့ကြသည်။