ဘတ်ဂျတ်ရေးရာဆွေးနွေးပွဲနှင့် ဘတ်ဂျတ်စာမျက်နှာ မိတ်ဆက်ပွဲ

ဘတ်ဂျတ်ရေးရာဆွေးနွေးပွဲနှင့် ဘတ်ဂျတ်စာမျက်နှာ မိတ်ဆက်ပွဲ

ပွင့်လင်းမြန်မာရှေ့ဆောင်မှ စီစဉ်ကျင်းပသော "ဘတ်ဂျတ်ရေးရာဆွေးနွေးပွဲနှင့် ဘတ်ဂျတ်စာမျက်နှာ မိတ်ဆက်ပွဲ" ကို စက်တင်ဘာ ၂၇၊ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း၊ နယူဧရာဟိုတယ်၌ နေ့လယ် ၁ နာရီမှ ၄ နာရီထိကျင်းပခဲ့သည်။ ပါဝင်ဆွေးနွေးခဲ့သူများမှာ - ၁။ ဦးစိုးသိန်း (ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ ရသုံးခန့်မှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် (၂၀၁၂- ၂၀၁၆) က "ဘဏ္ဍာရေး (ဘတ်ဂျတ်) ရပ်ဝန်းတိုးတက်စေရေးအတွက် ကြုံတွေ့ရမည့်စိန်ခေါ်မှုများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၂။ ဦးခိုင်ဝင်း (သန္တိ အုပ်ချုပ်စီမံမှု သင်တန်းကျောင်း) က "မူဝါဒများကို ဘတ်ဂျတ်အဖြစ်သို့ ပြောင်းလဲခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၃။ ဦးကိုကိုကြီး (၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က "ဘတ်ဂျတ်ပွင့်လင်းမြင်သာမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ "ဘတ်ဂျတ်စာမျက်နှာဝက်ဘ်ဆိုဒ်" နှင့်စပ်လျဉ်း၍ ကိုကျော်သူဟန် (စီမံကိန်း ညှိနှိုင်းရေးမှူး) က ရှင်းလင်းမိတ်ဆက်ခဲ့သည်။
BUDGET PAGE LINK
http://budget.omimyanmar.org/