ဘတ်ဂျက်စာမျက်နှာ မိတ်ဆက်ပွဲ

ဘတ်ဂျက်စာမျက်နှာ မိတ်ဆက်ပွဲ

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လုပ်ငန်းအစီအစဉ်သစ် တစ်ခုဖြစ်သော ဘတ်ဂျက်စာမျက်နှာ မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၄) ရက်၊ ကြာသပတေးနေ့ (ယနေ့) ၌ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးခန်း တည်ရှိရာ အမှတ် ၈၂၊ အင်းစိန်လမ်း၊ (၉)ရပ်ကွက်၊ လှိုင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ စာမျက်နှာကို http://www.omimyanmar.org/ website တွင် ရှာဖွေကြည့်ရှုနိုင်ပြီး ပြည်ထောင်စုအစိုးရ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ရငွေ-သုံးငွေ စာရင်းများကို အများပြည်သူ အလွယ်တကူ လေ့လာသိရှိနိုင်မည် ဖြစ်ပါသည်။

အစိုးရ၏ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် လွှတ်တော်ကိုယ်စားလှုယ်များ အပါအဝင် အများပြည်သူများ၏ ဘတ်ဂျက်ဆိုင်ရာ သိမြင်နားလည်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ အဆိုပါ အစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်ပါသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ ဘတ်ဂျက်စာမျက်နှာတွင် ပါဝင်သော အကြောင်းအရာများကို အောက်ပါ link တွင် ဖတ်ရှုနိုင်ပါသည်။

https://drive.google.com/open?id=0B_FVO1J3H9_Oc3hLSDduYVlqMjA