အုပ်ချုပ်ရေးဆိုင်ရာ လက်တွေ့အသုံးချသင်တန်း - သင်တန်းသားခေါ်ယူခြင်း

အုပ်ချုပ်ရေးဆိုင်ရာ လက်တွေ့အသုံးချသင်တန်း - သင်တန်းသားခေါ်ယူခြင်း

အဖွဲ့အစည်းများအတွင်း စီမံခန့်ခွဲရေး၊ ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက် ကိုင်တွယ်ထိန်းသိမ်းရေး၊ လုံခြုံရေး အစရှိသော ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ကျမှုနှင့် ထိရောက်ထက်မြက်မှုကို မြှင့်တင်ရန်၊ အဖွဲ့အစည်းများအတွင်း တာဝန်ယူမှု တာဝန်ခံမှုကို မြှင့်တင်ရန် အစရှိသော ရည်ရွယ်ချက်များဖြင့် “အုပ်ချုပ်ရေးဆိုင်ရာ လက်တွေ့အသုံးချသင်တန်း” ကို ၂၀၁၆ခုနှစ် သြဂုတ်လ (၂၂) ရက် (တနင်္လာနေ့) မှစ၍ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးတွင် ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

သင်တန်းကြေးနှင့် စာရွက်စာတမ်း အခမဲ့ဖြစ်ပြီး အဖွဲ့အစည်း အသီးသီးရှိ ရုံးဌာနများတွင် တာဝန်ထမ်းဆောင်နေရသူများ၊ တာဝန်ထမ်းဆောင်ရန် ရည်ရွယ်ထားသူများ အဖွဲ့အစည်းဝင်များနှင့် သင့်တော်သော သင်တန်းဖြစ်ပါသည်။

သင်တန်းတက်ရောက်လိုသူများနှင့် အသေးစိတ် သိရှိ်လိုသူများသည် ၂၀၁၆ ခုနှစ်/ သြဂုတ်လ (၁၉) ရက် သောကြာနေ့ နောက်ဆုံးထား၍ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရုံးသို့ လူကိုယ်တိုင် လာရောက်ဆက်သွယ်ပါရန် အသိပေးကြေညာအပ်ပါသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင် အမှတ် (၈၂) အင်းစိန်လမ်း (၉) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန် (သုခလမ်းထောင့်၊ သုခမှတ်တိုင်အနီး)