သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေ (မူကြမ်း) အား လေ့လာသုံးသပ်အကြံပြုခြင်း

သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေ (မူကြမ်း) အား လေ့လာသုံးသပ်အကြံပြုခြင်း

သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေ (မူကြမ်း) ကို ဦးသိန်းစိ်န်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲခဲ့ခြင်းဖြစ်သည်။ မူကြမ်းထွက်ပေါ် လာသည့် အချိန်တွင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က သမ္မတ ဦးထင်ကျော်ဦးဆောင်သည့် အစိုးရအဖွဲ့သစ်ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး ဖြစ်သည်။ ဦးသိန်းစိန်အစိုးရသည် ၎င်းတို့အစိုးရ သက်တမ်းကုန်ဆုံးရန် ရက်အနည်းငယ်အလိုတွင် အဆိုပါ ဥပဒေ (မူကြမ်း) ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်သို့ တင်သွင်းနိုင်ခဲ့ခြင်း မရှိကြောင်း တွေ့ရပါသည်။

မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီ ရှင်သန်ထွန်းကားလာရေး အတွက်လည်းကောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေး အာမခံချက်များ ပြည့်ဝလာရေးအတွက်လည်းကောင်း၊ အုပ်ချုပ်ရေး အပါအဝင် ကဏ္ဍအသီးသီး၌ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ တိုးတက်မြင့်မား လာရေးအတွက် လညး်ကောင်း၊ အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် ပိုမိုထိရောက် ထက်မြက်လာရေးအတွက်လည်းကောင်း၊ ဤကဲ့သို့ ဥပဒေမှာ နိုုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးရန် လိုအပ်နေသော ဥပဒေတစ်ခုလည်း ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မွန်ဂိုလီးယားကဲ့သို့သော အာရှဒေသတွင်း နိုင်ငံများ၌ပင် ပြဋ္ဌာန်းကျင့်သုံးနေကြပြီဖြစ်သော သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ ဥပဒေကို အစိုးရအဖွဲ့သစ်အနေဖြင့် ၎င်းတို့၏ သက်တမ်း ကာလအတွင်း ပြဋ္ဌာန်းကျင့်သုံးနိုင်ရန် အားထုတ်ကြိုး ပမ်းသင့်ကြောင်း တိုက်တွန်းလိုပါသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်ကို စတင်ဖွဲ့စည်းထူထောင်သည့် ၂၀၁၃ ခုနှစ်ကတည်းက ချမှတ်ခဲ့သည့် အများပြည်သူ သိခွင့်သိလမ်း မြှင့်တင်ရေး အစီအစဉ်အရ သတင်းအချက်အလက် ရယူသိရှိခွင့်ကို အာမခံသောဥပဒေ၊ နည်းဥပဒေများ ပေါ်ပေါက်လာရေးနှင့် သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ အသိပညာ၊ ဗဟုသုတ မြှင့်တင်ရေးတို့ကို ပွင့်လင်းမြန်မာ့ရှေ့ဆောင်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဤစာတမ်းတွင် နိဒါန်း၊ မူရင်းဥပဒေ ပုဒ်မများနှင့် လေ့လာသုံးသပ်ချက်များ၊ အကြုံပြုချက်များနှင့် တိုက်တွန်းချက်များ ပါဝင်ပါသည်။ မူကြမ်းအပေါ် စဉ်းစားဆင် ခြင်သင့်သည့် အချက်အလက်များကို ဖော်ထုတ်တင်ပြခြင်းဖြစ်ပြီး အပြုသဘောဆောင် ချဉ်းကပ်မှုကို အခြေခံထားကြောင်းနှင့် ပြီးပြည့်စုံပြီဟု မမှတ်ယူသင့်ကြောင်း အသိပေးအပ်ပါသည်။

စာတမ်းအပြည့်အစုံကို အောက်ပါ Link တွင် ရယူဖတ်ရှုနိုင်ပါသည်။