သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (စစ်ကိုင်းတိုင်း၊ မုံရွာမြို့)

သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (စစ်ကိုင်းတိုင်း၊ မုံရွာမြို့)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ စီစဉ်ကျင်းပသည့် သတင်းအချက်အလက် ရယူသိရှိခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်၊ ကြာသပတေးနေ့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ Jade Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် စည်ပင်ရေးရာဝန်ကြီး ဦးမြင့်ကြည်တို့မှ နှုတ်ခွန်းဆက် အမှာစကားများ တက်ရောက်ပြောကြားပေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများနှင့် အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၂) ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အဖွဲ့လိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။