ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (မွန်ပြည်နယ်၊ မော်လမြိုင်မြို့)

ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (မွန်ပြည်နယ်၊ မော်လမြိုင်မြို့)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကို မြှင့်တင့်နိုင်ရန် ရည်ရွယ်ပြီး “ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး’’ အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ(၉) ရက်နှင့်(၁၀)ရက်နေ့တို ့တွင် ရာမည ဟိုတယ်၊ မော်လမြိုင် မြို့ တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် လွှတ်တော် ကိုယ်စား လှယ် များ၊ ပြည်နယ်လွှတ်တော်ရေးရာကော်မတီ၊ ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ စုစု ပေါင်း (၃၆) ဦး တက်ရောက်ခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ မှ အဖွင့် အမှာစကားပြောကြားပေးခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲ ပထမ နေ့ နံနက်ပိုင်း တွင်မြန်မာ့မဟာဗျူဟာနှင့် မှုဝါဒလေ့လာရေးအဖွဲ့၏ လေ့ကျင့် သင် တန်း ပေးရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းမှ “ဒေသန္တရ အစိုးရ၏ ထိရောက်သော ဘဏ္ဏာရေးစနစ် အတွက် မူုဘောင်” အကြောင်းအရာ ကို မျှဝေ ဆွေးနွေးခဲ့ပြီး နေ့လည်ပိုင်းတွင် "အများပြည်သူပါဝင်သော ဘတ်ဂျတ်ရေးဆွဲ မှု လုပ်ငန်းစဉ်”' (Participatory Budgeting) အကြောင်းအရာကို ထပ်မံမျှဝေ ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး ပွင့်လင်းမြန်မာ့ရှေ့ဆောင် သုတေသန ဌာန ဒါရိုက်တာ ဉီးထင်ကျော်အေး မှ ဘတ်ဂျက်စိစစ်ထိန်းကျောင်းသည့် လုပ်ငန်းစဉ် (တောင်ကိုရီးယား အတွေ့အကြုံ နှင့် နှိုင်းယှဉ် တင်ပြခြင်း) အကြောင်းအရာ ကိုမျှဝေဆွေးနွေး ခဲ့ပါသည်။

အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ အဖြစ် နိုဝင်ဘာလ(၁၀) ရက် နံနက်ပိုင်း တွင် “ဘတ်ဂျတ် ရေးဆွဲမှု အခြေအနေ နှင့် ပါတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ နှင့် လွတ်တော် ကော်မတီများ အစုအဖွဲ့ လွှတ်တော်ရုံး အစုအဖွဲ့ နှင့် အရပ်ဘက်အဖွဲ့အစည်းများ အစုအဖွဲ့ များ မှ အစုအဖွဲ့ လိုက် ဆွေးနွေး တင်ပြ ခြင်းများ ပြုလုပ်ခဲ့ကြပြီး နေ့လည် ပိုင်းတွင်ဘတ်ဂျက် စိစစ်ထိနး်ကျောင်းမှု နှင့် ပါတ်သက်၍အစုအဖွဲ့လိုက်ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ပွင့်လင်းမြန်မာရှေ ့ဆောင် ဝက်ဆိုဒ်ဘတ်ဂျက်စာမျက်နှာအား ပွင့်လင်းမြန်မာရှေဆော့င်မှ ဉီးစောအယ်ကလူဒွေး က မိတ်ဆက်တင်ပြခဲ့ပြီး (၂)ရက်တာ ကျင်းပခဲ့သော "ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ”ကိုညနေပိုငး် တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။