ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ ထုတ်ပြန်ကြေညာချက်

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ ထုတ်ပြန်ကြေညာချက်

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ ထုတ်ပြန်ကြေညာချက်
၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်

ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ကြေညာချက်အရ ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ တာဝန်ရှိသူများသည် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းနှင့်လည်းကောင်း၊ ပြည်သူ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နှင့်လည်းကောင်း ၂၉ ရက်၊ သြဂုတ်လ ၂၀၁၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပြီး လွှတ်တော်၏ ဥပဒေပြုရေးဖြစ်စဉ်အပေါ် ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အကောက်အယူများကို ရှင်းလင်းတင်ပြ နိုင်မှုကြောင့် နှစ်ဘက်နားလည်မှုရရှိခဲ့ပြီးဖြစ်ပါသည်။

လွှတ်တော်ဥက္ကဌကြီးများ၏ ရှင်းလင်းပြောကြားချက်အရ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်၌ တင်သွင်းဆွေးနွေးဆုံးဖြတ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုင်ရာဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမှာ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သော်လည်း မူလဥပဒေ အပေါ် သက်ရောက် မှုမရှိသဖြင့် အတည်ပြုထုတ်ပြန်ရန်မလိုသော ဥပဒေကြမ်း တစ်ရပ်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

နောက်နောင် အလားတူဖြစ်ရပ်များ ထပ်မံ မပေါ်ပေါက်ရေးအတွက် လွှတ်တော်တာဝန်ရှိသူများနှင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် လွှတ်တော်ဥက္ကဌကြီးများ၏ တိုက်တွန်းပြောဆိုမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း မီဒီယာများမှတစ်ဆင့် အသိပေးတင်ပြလိုပါသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်