ဒေသန ္တရ အုပ်ချုပ်စီမံမှုဆိုင်ရာ အသိပညာပေးသင်တန်း (မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာ)

ဒေသန ္တရ အုပ်ချုပ်စီမံမှုဆိုင်ရာ အသိပညာပေးသင်တန်း (မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာ)

ပွင့်လင်းမြန်မာ့ရှေ့့ဆောင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအတွင်း ဒေသန ္တရ အဆင့်တွင် ကောင်းမွန်သော အုပ်ချုပ်ရေးပုံစံ ပီပြင်စွာပေါ်ထွက်လာရေး နှင့် ဒီမိုကရက်တစ်နိုင်ငံသား စိတ်ဓာတ်များ ရင့်သန်ခိုင်မာလာရေး ကိုရည်ရွယ်လျက် ဒေသန ္တရ အုပ်ချုပ်စီမံမှုဆိုင်ရာ အသိပညာပေးသင်တန်း ကို မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့၊စေတော်ဝင်တောရကျောင်းတိုက်၊ ဓမ္မစကူးခန်းမ ၌ ၂၀၁၈ ခုနှစ် မတ်လ (၁၄)ရက်နေ ့ မှ မတ်လ (၁၆)ရက်နေ အထိ (၃) ရက်ကြာ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းသို ့စေတုတ္တရာ မြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူ သင်တန်းသား/သူ (၃၀) ဦး တက်ရောက်ခဲ့သည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် ပိတ်ပွဲ အခမ်းအနားများတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး တက်ရောက်အမှာစကား ပြောကြားပေးခဲ့ပါသည်။