ဒေသန္တရစီမံအုပ်ချုပ်မှု သင်တန်းဆင်းပွဲ(ရေစကြို) ကျင်းပပြီးစီး

ဒေသန္တရစီမံအုပ်ချုပ်မှု သင်တန်းဆင်းပွဲ(ရေစကြို) ကျင်းပပြီးစီး

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ စီစဉ်ပြုလုပ်သည့် ဒေသန္တရစီမံအုပ်ချုပ်မှု အသိပညာပေး သင်တန်းကို မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ ဂူကြီးသာသနာ့ရိပ်သာကျောင်းတိုက်တွင်၂၀၁၇ ခုနှစ်၊ မေလ (၁၇) ရက်နေ့မှ ၂၀၁၇ ခုနှစ် မေလ (၂၂) ရက်နေ့အထိ (၆) ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ဂန့်ဂေါမြို့နယ်၊ မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ်တို့မှ သင်တန်းသူ/သား (၄၁) ဦးတက်ရောက်ခဲ့ကြပါသည်။ ယင်းသင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ (၂၂) ရက်နေ့ ညနေပိုင်းတွင် ကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။