ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (စစ်ကိုင်းတိုင်း၊ မုံရွာမြို့)

ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ (စစ်ကိုင်းတိုင်း၊ မုံရွာမြို့)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကို မြှင့်တင့်နိုင်ရန် ရည်ရွယ်ပြီး “ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး’’ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၁၉) ရက်နှင့် ဒီဇင်ဘာလ (၂၀)ရက်နေ့ များတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံအတွင်းရှိ (Banquet Room) တွင် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးအဖွဲ ့ဝင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၁) ဦး တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ယင်းနောက် ပွင့်လင်းမြန်မာ့ရှေ့ဆောင် သင်တန်းရေးရာဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦးညီညီထွန်း မှ ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ ့အစည်း အကြောင်း ကိုရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ ပွင့်လင်းမြန်မာ့ရှေ့ဆောင် သုတေသန ဌာန ညွှန်ကြားရေးမှုး ဦးထင်ကျော်အေးမှ ပွင့်လင်းမြန်မာရှေ ့ဆောင် ဝက်ဆိုဒ် ဘတ်ဂျက်စာမျက်နှာအား မိတ်ဆက်တင်ပြခဲ့သည်။ ထို ့နောက် မြန်မာ့မဟာဗျူဟာနှင့် မှုဝါဒလေ့လာရေးအဖွဲ့၏ လေ့ကျင့်သင်တန်းပေးရေး ညွှန်ကြားရေးမှုး ဦးအောင်သူငြိမ်းမှ “ဒေသန္တရ အစိုးရ၏ ထိရောက်သော ဘဏ္ဏာရေးစနစ် အတွက် မူုဘောင်” အကြောင်းအရာ ကို မျှဝေ ဆွေးနွေးခဲ့သည်။ နေ့လည်ပိုင်းတွင် ဦးအောင်သူငြိမ်းမှပင် "အများပြည်သူပါဝင်သော ဘတ်ဂျတ်ရေးဆွဲမှု လုပ်ငန်းစဉ်”' (Participatory Budgeting) အကြောင်းအရာကို ထပ်မံမျှဝေ ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံတွင် ပြည်သူများပူးပေါင်းပါဝင်သော ဘတ်ဂျတ်ရေးဆွဲခြင်းစနစ်အကြောင်းကို တက်ရောက်လာသော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အုပ်စုဖွဲ ့ဆွေးနွေးခဲ့ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ အဖြစ် ဒီဇင်ဘာလ(၂၀) ရက်၊ နံနက်ပိုင်း တွင် အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ ့ နေ ့လည်ပိုင်းက အုပ်စုဖွဲ ့ ဆွေးနွေးမှုများကို အဖွဲ့့လိုက် ပြန်လည် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ပွင့်လင်းမြန်မာ့ရှေ့ဆောင် သုတေသနဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော်အေးမှ ဘတ်ဂျက်စိစစ်ထိန်းကျောင်းသည့် လုပ်ငန်းစဉ် (တောင်ကိုရီးယား အတွေ့အကြုံ နှင့် နှိုင်းယှဉ်တင်ပြခြင်း) အကြောင်းအရာကို မျှဝေဆွေးနွေးခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့၊ နေ ့လည်ပိုင်းတွင် ဘတ်ဂျတ် ရေးဆွဲအတည်ပြုခြင်း၊ ဘတ်ဂျက် စိစစ်ထိနး်ကျောင်းခြင်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပူးပေါင်း၍ အစုအဖွဲများ ဖွဲ ့ပြီး ဆွေးနွေးခဲ့ကြသည်။ အစုအဖွဲ ့လိုက် ဆွေးနွေးခဲ့မှုများကို အဖွဲ ့လိုက် ပြန်လည်တင်ပြခဲ့ကြပြီး မေးခွန်းများ မေးမြန်းမှုများကို အဖွဲ့အသီးသီးမှ ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ထို ့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးသန်းမှ အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးခြင်း အမှတ်တရ စကား ပြောကြားပေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ ့ညနေ (၄) နာရီ တွင်အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့သည်။