ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ (ကယားပြည်နယ်၊ လွိုင်ကော်မြို့)

ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ (ကယားပြည်နယ်၊ လွိုင်ကော်မြို့)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကို မြှင့်တင့်နိုင်ရန် ရည်ရွယ်ပြီး “ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး’’ အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာလ(၁၂) ရက်နှင့် (၁၃)ရက်နေ့တို ့တွင် Famous ဟိုတယ်၊ လွိုင်ကော််မြို့တွင် ကျင်းပခဲ့ရာ ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရေးရာကော်မတီ၊ ပြည်နယ်လွှတ်တော် ရုံးဝန်ထမ်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၂) ဦး တက်ရောက်ခဲ့ပြီး ကယားပြည််နယ် လွှတ်တော်ဥက္ကဌ ဦးလှဋ္ဌေး မှ အဖွင့် အမှာစကား ပြောကြားပေးခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ နံနက်ပိုင်းတွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ သင်တန်းဌာနဒါရိုက်တာ ဦးရဲအောင်မှ ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လုပ်ဆောင်ချက်များကို မိတ်ဆက်ပြောကြားပေးခဲ့ပြီး ပွင့်လင်းမြန်မာ့ရှေ့ဆောင် သုတေသနဌာန ဒါရိုက်တာ ဦးထင်ကျော်အေးမှ ဘတ်ဂျက်စာမျက်နှာ ဝက်ဆိုဒ်အကြောင်း ရှင်းလင်းပြသပေးခဲ့ပါသည်။ နေ့လည်ပိုင်းတွင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့၏ လေ့ကျင့်သင်တန်းပေးရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းမှ “ဒေသန္တရ အစိုးရ၏ ထိရောက်သော ဘဏ္ဏာရေးစနစ် အတွက် မူုဘောင်” အကြောင်းအရာနှင့် "အများပြည်သူပါဝင်သော ဘတ်ဂျတ်ရေးဆွဲမှု လုပ်ငန်းစဉ်” အကြောင်းအရာကို မျှဝေဆွေးနွေးခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင် သုတေသနဌာန ဒါရိုက်တာ ဦးထင်ကျော်အေးမှ ဘတ်ဂျက်စိစစ်ထိန်းကျောင်းသည့် လုပ်ငန်းစဉ်အကြောင်းအရာကို မျှဝေဆွေးနွေးခဲ့ပြီး ဘတ်ဂျတ်ရေးဆွဲမှု အခြေအနေနှင့် ပါတ်သက်၍ အစုအဖွဲ့လိုက် ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပြီး (၂)ရက်တာ ကျင်းပခဲ့သော "ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ပြီးဆုံးခြင်း အမှာစကားကို ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှဋ္ဌေးမှ ပြောကြားပေးခဲဲ့့ပါသည်။