သတင်းများ

လွှတ်တော်ခရီးနီးသလား

လွှတ်တော်ခရီးနီးသလား

ကျယ်၀န်းပြီး ကားရှင်းလှတဲ့ ကားလမ်းမကြီးရဲ့ဘေးမှာ ခမ်းနားလှတဲ့ အဆောက်အဦကြီးတွေကို ဘွားခနဲ ဆိုသလို မြင်ရပါတယ်။ ကြိုးတံတားနှစ်စင်းဟာ ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းသစ်ဖြစ်လာတဲ့ လွှတ်တော်ကြီးဆီ၀င်ရာ တံခါးပေါက်များဖြစ်ပါတယ်။

Read more

ပထမပုံမှန်အစည်းအဝေးမှ ဆဌမပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်အခင်းအကျင်း

ပထမပုံမှန်အစည်းအဝေးမှ ဆဌမပုံမှန်အစည်းအဝေးအတွင်း လွှတ်တော်အခင်းအကျင်း

မြန်မာနိုင်ငံ၏ ဥပဒေပြုလွှတ်တော်ကို ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့ဖြင့် ဖွဲ့စည်းထားပြီး၊ ထိုလွှတ်တော် နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်ဟု ခေါ်တွင်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံး ကြောင်း တွေ့ရှိရသည်။ ပြည်သူ့လွှတ်တော်သည် မြို့နယ်တစ်ခု ချင်းစီကို အခြေခံ၍ ရွေးကောက်တင်မြှောက်ထားသည့် လွှတ် တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး၊ အမျိုးသားလွှတ် တော်ကမူ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုချင်းစီအတွက် ရွေးကောက်ခံ ကိုယ်စားလှယ် ၁၂ ဦးစီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

Read more

လွှတ်တော်လေ့လာစောင့်ကြည့်ရေး - ကြယ်ပွင့်ပြမေးခွန်းများအားလေ့လာခြင်း

လွှတ်တော်လေ့လာစောင့်ကြည့်ရေး - ကြယ်ပွင့်ပြမေးခွန်းများအားလေ့လာခြင်း

လွှတ်တော်ကို စောင့်ကြည့်ဖို့ ဘာလို့လိုအပ်တာလဲ လွှတ်တော်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ တူညီခြင်းမရှိကြသော်လည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် ပြည်သူများက လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်ပွဲများဖြင့် မဲဆန္ဒပေး ရွေး ကောက်တင်မြှောက်ကြပြီး နိုင်ငံ၏ ဥပဒေပြုရေးမဏ္ဍိုင်တွင် သက်ဆိုင်ရာ ပြည်သူများကို ကိုယ်စားပြုရန်၊ တရားဥပဒေပြုရန်၊ အစိုးရကို စိစစ်ထိန်းကျောင်းရန်၊ အစိုးရ၏ တရား၀င်မှုကို ဖော် ဆောင်ရန်နှင့် နိုင်ငံရေးလေ့ကျင့်ပျိုးထောင်မှုပေးရန် ဟူသည့် လုပ်ငန်းဆောင်တာများတွင် တူညီလျက်ရှိသည

Read more

လွှတ်တော်စောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၁) ဒေါင်းလုဒ်ရယူနိုင်ပြီ

လွှတ်တော်စောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၁) ဒေါင်းလုဒ်ရယူနိုင်ပြီ

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ဖေဖော်၀ါရီလတွင် ထုတ်ေ၀သည့် လွှတ်တော်လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာ အမှတ် (၁) ကို ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်ပါသည်။ ယခု ထုတ်ေ၀သည့် “မြန်မာ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ်လေ့လာချက် (ပထမအကြိမ်မှ ဆဌမအကြိမ်အထိ ပုံမှန်အစည်းအေ၀းများအတွင်း မေးခွန်းများလေ့လာချက်” အစီရင်ခံစာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တို့တွင် ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းမှုများကို ပထမအကြိမ်မှ ဆဌမအကြိမ်အထိ လွှတ်တော် ပုံမှန်အစည်းအေ၀းများတွင် လေ့လာဖော်ပြထားသည်။

Read more

မေတ္တာရပ်ခံချက် (၂)

မေတ္တာရပ်ခံချက် (၂)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ထုတ်ပြန်ထားသော လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အမှတ် (၁) ကို နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ စာကြည့်တိုက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းဌာနများအား အခမဲ့ဖြန့်ချိပေးသွားမည် ဖြစ်ပါသောကြောင့် ပွင့်လင်း မြန်မာ့ရှေ့ဆောင်ရုံးသို့ လာရောက်ထုတ်ယူနိုင်ပါသည်။

Read more

မေတ္တာရပ်ခံချက် (၁)

မေတ္တာရပ်ခံချက် (၁)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ထုတ်ပြန်ထားသော လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အမှတ် (၁) ကို သတင်းစာများ၊ ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ Online စာမျက်နှာများတွင် အစအဆုံး၊ အပြည့်အစုံ ထည့်သွင်းဖော်ပြလိုပါက ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ ခွင့်ပြုချက် တောင်းယူကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

Read more