ကျွနု်ပ်တို့အကြောင်း

ခံယူချက်

မြန်မာနိုင်ငံသားအားလုံးသည် လူသားတစ်ဦးအဖြစ် ပင်ကိုဂုဏ်ရည်ကို လေးစားအသိအမှတ်ပြုခံရပြီး၊ မည်သည့် အကြောင်းကြောင့်ဖြစ်စေ သတင်းအချက်အလက်နှင့် တတ်သိပညာ ရပိုင်ခွင့်ကို ထိခိုက်ခံရမှုမရှိဘဲ အသိဉာဏ်အလင်း ရရှိခံစားပိုင်ခွင့်ရှိကြောင်း "ပွင့်လင်း မြန်မာ့ရှေ့ဆောင်" က ယုံကြည်သည်။

ရည်ရွယ်ချက်များ

    မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ လူမှုရေးနှင့် စီးပွားရေး ကွာဟမှုများကို လျော့ပါးစေပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုနိုင်မည့် သုတေသနှင့် ပညာရေး နိုင်ငံများကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊

    ဒီမိုကရေစီနှင့် လူ့အခွင့်ရေး နှုန်းစံများကို နက်ရှိုင်းစွာ နားလည် တန်ဖိုးထားသည့် နိုင်ငံသားများအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များအား ထိရောက်စွာ အထောက်အကူပြုနိုင်စေရန်၊

လုပ်ငန်းစဉ်များ

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဖြစ်စဉ်ရပ်များကို စောင့်ကြည့်လေ့လာခြင်း၊ သုသေတန လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို ပြုစုထုတ်ပြန်ခြင်း၊

    အထက်ပါလုပ်ငန်းဆောင်ရွက်မှုများနှင့် သက်ဆိုင်သော သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲများနှင့် နိုင်ငံသားပညာပေး အစီအစဉ်များ ပြုလုပ်ခြင်း၊